အပိုင်း(၁) Unicode

5.3K 222 7
                                        

[AN: Disturbing Content Alert ! ]

အမတ်လောင်း ရှောင်းချန်​ ပိုင်ဆိုင်သော အိမ်ဝန်းကြီးရှေ့တွင် အချက်ပြမီးများတဖျတ်ဖျတ်ဖြစ်နေသော ရဲကားများရှုပ်ယှက်ခတ်နေသည်။ထိုရဲကားများပေါ်မှဆင်းသက် လာကြသူများမှာ ယူနီဖောင်းဝတ်ရဲအရာရှိများ၊ မှုခင်းစုံထောက်များ၊ မှုခင်းဆရာဝန်များဖြစ်ပြီး ရဲကားများ​၏အနောက်တွင်တော့ ဆေးရုံကားနှစ်စီးရှိလို့နေသည်။

သက်ဆိုင်ရာ အာဏာပိုင်များသည် အိမ်ဝန်းအတွင်းသို့ ဝင်ရောက်လာကြကာ ပတ်ပတ်လည်အဝါရောင်စည်းများဖြင့်တားဆီးထားသော crime scene တည်ရှိရာအိမ်​၏ဧည့်ခန်းအတွင်းသို့ဝင်လာခဲ့ကြ​၏။

ဧည့်ခန်းအတွင်းသို့ ခြေချလိုက်သည်နှင့် လှိုက်ကနဲထွက်ပေါ်လာသည့် အပုပ်နံ့ဆိုးဆိုးဝါးဝါးကြောင့် ရဲအရာရှိများနှင့် မှုခင်းဆရာဝန်များသည် သူတို့လက်အောက်ငယ်သားများကမ်းပေးလာသည့် နှာခေါင်းစည်းများနှင့်လက်အိတ်များကို ဝတ်လိုက်ကြသည်။

ထိုရဲအရာရှိများထဲမှ ဦးဆောင်လာဟန်ရှိသည့်သူက မှုခင်းမြင်ကွင်းရှိ ရုပ်အလောင်းနှစ်ခုကိုသေချာကြည့်ရှုသည်။အနည်းဆုံးနှစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်သည့်ရုပ်အလောင်းနှစ်ခု၌ပထမရုပ်အလောင်း​၏ကိုယ်ပေါ်တွင်အချက်ပေါင်းများစွာသော ဓားဒဏ်ရာများရှိသည်။

ဧည့်ခန်းအလယ်ရှိ ဆိုဖာခုံ၌ထိုင်လျက်သားဖြစ်နေသည့် ထိုအလောင်းသည်ပြိိုယိုင်လဲနေပြီးခြောက်သွေ့နေသော သွေးစများနှင့်အတူ နား၊နှာခေါင်း၊မျက်လုံးနှင့်ပါးစပ်ပေါက်နေရာများမှယိုကျနေသည့် ခန္ဓာကိုယ်အရည်များရောယှက်ကာ အော်ဂလီဆန်ချင်စရာ အပုပ်နံ့များထွက်ပေါ်နေ​တာဖြစ်​၏။

ပွင့်ဟနေသည့်ခံတွင်းအတွင်းမှသွားတို့သည်သွားဖုံးနေရာမှ ပဲ့ကြွေလို့နေပြီးလက်ချောင်းထိပ်ရှိလက်သည်းများလည်းဆွေးမြေ့လို့နေကာတချို့မှာဆိုဖာပေါ်ကျွတ်ကျလို့နေပြီးတချို့မှာတော့ လက်ချောင်းထိပ်ကိုသွားထိလိုက်လျှင်ပဲကြွေကျတော့မည့် အနေအထားဖြင့်တေ့စပ်တွဲလောင်းဖြစ်လို့နေ​၏။

Behind A Burning Willow TreeWhere stories live. Discover now