အပိုင်း(၁၄) Unicode

1.4K 175 5
                                    

နှာဖျားထက်ဖြစ်ပေါ်နေသည့်ယားကျိကျိအထိအတွေ့ကြောင့် ရှောင်းကျန့်​၏မျက်လုံးများပွင့်လို့လာသည်။ရှောင်းကျန့်​၏ မျက်စိရှေ့တွင်ယုန်လေးတစ်ကောင်ရှိနေခြင်းဖြစ်ပြီးသူ့မျက်နှာကိုခေါင်းလေးဖြင့်တိုးဝှေ့၍ ကစားနေခြင်းဖြစ်​၏။တစ်ကောင်တည်းအလုပ်ရှုပ်နေသည့်ထိုယုန်လေးကိုရှောင်းကျန့်ကြည့်၍ပြုံးလိုက်ပြီးသူ့လက်တစ်ဖက်ဖြင့်အသာလေးပွတ်သပ်ပေးလိုက်​၏။

"နိုးပြီလား..."

အသံလာရာကိုရှောင်းကျန့်လှည့်ကြည့်လိုက်ပြီးလှဲနေရာမှထထိုင်လိုက်သည်။ဝမ်ရိပေါ်​၏လက်ထဲတွင်ဗန်းတစ်ခုကိုင်ထားခြင်းဖြစ်ပြီးထိုဗန်းပေါ်တွင်ရေဇလုံတစ်ခုနှင့်တဘက်အဖြူတစ်ထည်ရှိ​၏။

ရှောင်းကျန့်ဘေးတွင်ဝမ်ရိပေါ်ဝင်ထိုင်ကာရေညစ်ထားသည့်တဘက်တစ်ခုဖြင့် ရှောင်းကျန့်​၏မျက်နှာကိုညင်သာစွာသန့်စင်ပေးလို့နေ​၏။ရှောင်းကျန့်ကဘာစကားမှပြန်ပြောခြင်းမရှိသော်လည်း ဝမ်ရိပေါ်လုပ်ပေးသမျှအား ငြင်းဆန်ခြင်းမရှိငြိမ်သက်၍နေကာ ဝမ်ရိပေါ်​၏မျက်နှာကိုသာစိုက်ကြည့်လို့နေ​၏။

"သွားတိုက်ချင်လား..."

အိပ်ရာပေါ်မှာပင်သွားတိုက်၍ရအောင်ဝမ်ရိပေါ်စီစဉ်ပေးဖို့လုပ်လိုက်ပေမယ့် ရှောင်းကျန့်ကသန့်စင်ခန်းထဲသို့သာဝင်လို့သွားသည်။အဆင်သင့်သွားတိုက်ဆေးထည့်ပေးထားသော သွားတိုက်တံကို ရှောင်းကျန့်ယူလိုက်ကာ မှန်ထဲကိုကြည့်၍တစ်ချက်ချင်းသွားတိုက်လို့နေ​၏။

ရှောင်းကျန့်​၏အနောက်တွင် ဝမ်ရိပေါ်ကလည်းထပ်ကြပ်မကွာမတ်တပ်ရပ်စောင့်ပေးနေခြင်းဖြစ်ကာသန့်စင်ခန်းထဲမှပြန်ထွက်လာပြီးနောက် အိပ်ရာထက်ပြန်ထိုင်စေလိုက်၍...

"မနက်စာ စားရအောင်နော် Bae..."

ရှောင်းကျန့်ခေါင်းခါပြလိုက်သည်။

"မနေ့ညကလည်း ဘာမှမစားဘဲ အိပ်သွားတာ...အောက်ဆင်းပြီးမစားချင်ဘူးဆို အခန်းထဲထိကိုယ်ယူလာပေးမယ် ဟုတ်ပြီလား..."

သူ့ကိုဘာမှပြန်မဖြေဘဲ ယုန်လေးကိုသာငုံ့နမ်းလို့နေသည့် ရှောင်းကျန့်ကိုဝမ်ရိပေါ်တစ်ချက်ပြန်လှည့်ကြည့် ပြီးအောက်ထပ်ရှိစားသောက်ခန်းထဲသို့ဝင်လာခဲ့​၏။အလုပ်သမားတို့အားဝမ်ရိပေါ် စားသောက်ခန်းအပြင်သို့ထွက်ခိုင်းလိုက်ကာ သူကိုယ်တိုင်မနက်စာပြင်ဖို့လုပ်​၏။

Behind A Burning Willow TreeWhere stories live. Discover now