လူနာ Round လှည့်ဖို့ပြင်နေသည့် ကလိုဝီနဲ့အတူဝမ်ရိပေါ်ယှဉ်တွဲလျှောက်ရင်းစကားပြောနေကြသည်။
"ဒီကိစ္စကို ဘာလို့အခုမှကျွန်မကိုအသိပေးတာလဲ..."
လွန်ခဲ့သည့်သုံးရက်ခန့်ကယုန်လေးတစ်ကောင်အပေါ် ရှောင်းကျန့်ပြုမူခဲ့သည့်ကိစ္စအားကလိုဝီကိုဝမ်ရိပေါ်ချက်ချင်းအသိမပေးခဲ့ဘဲအခုမှပြောပြနေခြင်းဖြစ်၏။
"အဲ့တာကောင်းတဲ့လက္ခဏာမဟုတ်ဘူးရိပေါ်...အဲ့တုန်းက ကိစ္စကိုအသေးစိတ်ပြန်ပြောပေးလို့ရလား... ယုန်လေးကိုရန်ရှာနေတုန်းကကျန့်ကျန့်ရဲ့အမူအရာတွေကဘယ်လိုမျိုးလဲ..."
"မျက်နှာအမူအရာက ပြောင်းလဲမှုမရှိဘူး...ပြုံးပြုံးလေးပဲစကားပြောနေတယ်...သူ့ကိုယ်သူဘာလုပ်နေမှန်းတောင်သိပုံမရဘူး..."
"အဲ့တုန်းကဘာအကြောင်းအရာတွေပြောနေကြတာလဲ...ဘယ်သူ့အကြောင်းတွေပြောနေကြတာလဲ..."
"သူ့ရဲ့အဖေနဲ့ အစ်မက သူ့ကိုဘယ်လောက်ချစ်ပေးကြောင်းပြောပြနေတာ..."
"အခုရက်ပိုင်း ရိပေါ်နဲ့တွေ့တဲ့အချိန်တွေမှာရော တခြားမူမမှန်တဲ့စကားတွေပြောတာမျိုးတွေရှိလား..."
"စစတွေ့ချင်းကထက်သိသိသာသာပိုပြီးခင်မင်မှုကိုပြလာပေမယ့် မူမမှန်တာတွေတော့မရှိဘူး...ဆေးရုံဆင်းချင်တယ်ဆိုတဲ့အကြောင်းကိုတော့ပြောဖူးတယ်..."
ဝမ်ရိပေါ်ပြန်ပြောပြသမျှကိုကလိုဝီနားထောင်နေရင်းခေါင်းကိုအသာခါလိုက်သည်။သက်ပြင်းကိုငွေ့ငွေ့ချပြီး...
"ဒီအခြေအနေနဲ့ကျွန်မတို့ ကျန့်ကျန့်ကိုဘယ်လိုဆေးရုံဆင်းခွင့်ပေးလို့ရမှာလဲ...ကျွန်မတို့သူ့ကိုနောက်ထပ်တစ်ပတ်ဆေးရုံမှာဆက်နေစေချင်တဲ့ရည်ရွယ်ချက်ကလည်း ဒီလိုမူမမှန်တဲ့လက္ခဏာတွေပေါ်လာမယ့်အချိန် တွေကိုဆက်ပြီးစောင့်ကြည့်နေချင်သေးလို့...ပထမဦးဆုံးတစ်ပတ်မှာဘာလက္ခဏာမှမပြခဲ့ဘဲသာမန်လူတစ်ယောက်လိုပြုမူခဲ့တာတော့မှန်တယ်...ဒါပေမယ့် ၁၀ နှစ် ၊ ၁၁ နှစ်သားလောက်ကတည်းက စခဲ့တဲ့စိတ်မူမမှန်မှုကို အခုအသက် ၁၇ နှစ်အရွယ်ရောက်ခါနီးတဲ့အထိ သူ့အိမ်ကလူတွေမရိပ်စားမိအောင်အနေအထိုင်ပိရိခဲ့တဲ့အချက်ကိုကျွန်မတို့မေ့ပစ်လို့မရဘူး..."