အပိုင်း(၂၂) Unicode

1.7K 192 17
                                        

"ဒေါက်...ဒေါက်..."

နိုးနေတာကြာပြီဖြစ်သည့်ဝမ်ရိပေါ်က အခန်းတံခါးခေါက်သံကြောင့် သူ့လက်မောင်းပေါ်ခေါင်းအုံးပြီးအိပ်မောကျနေဆဲဖြစ်သည့်ရှောင်းကျန့်ကိုနှုတ်ခမ်းထက်အနမ်းတစ်ချက်ပေး၍ စောင်ကိုလုံနေအောင်ပြန်ခြုံပေးပြီးအိပ်ရာပေါ်မှထလာ​၏။

နောက်ထပ်တံခါးခေါက်သံတစ်ချက်အဆုံးမှာအပေါ်ပိုင်းဗလာကျင်းလို့နေသည့်ဝမ်ရိပေါ်က တံခါးကိုဆွဲဖွင့်လိုက်ရာ အပြင်ဘက်၌မတ်တပ်ရပ်နေသည့်ဂျွန်ကိုတွေ့​၏။

ဝမ်ရိပေါ်ကို ဂျွန်ခေါင်းငုံ့အရိုအသေပေးလိုက်ပြီး...

"ခြံဝန်းဂိတ်အဝင်ဝမှာ လီရှင်းဆိုတဲ့လူ ရောက်နေပါတယ်...ညကတည်းက ရောက်နေတာပါ...ကျွန်တော်တို့လူတွေကဝင်ခွင့်မပြုခဲ့ပေမယ့် အခုထက်ထိစောင့်နေတုန်းပါပဲ...အဲ့တာ..."

"အိမ်ထဲဝင်ခဲ့ခိုင်းလိုက်..."

"ဟုတ်ကဲ့ပါ..."

ဂျွန်က ဝမ်ရိပေါ်​၏စကားကိုနာခံစွာဖြင့် အရိုအသေပေးပြီးအခန်းရှေ့မှထွက်ခွာလို့သွား​၏။ရေချိုးခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်လိုက်သည့်ဝမ်ရိပေါ်က လန်းဆန်းနေသည့်အသွင်ရှိကာ ဆံပင်များကိုရေစိုနေသည့်လက်ဖြင့်ထိုးသပ်လိုက်သည့်အခါ မျက်နှာပြင်ဟာတိပပြတ်သားသည့်အသွင်ဆောင်လို့သွား​၏။

ခန္ဓာကိုယ်ထက်အနက်ရောင်ဘောင်းဘီအရှည်တစ်ထည်နှင့်ကြယ်သီးများမပါဝင်သည့် ညအိပ်ဝတ်ရုံကိုခါးစည်းကြိုးမစည်းဘဲဝတ်ဆင်လိုက်သည်ကြောင့် လှစ် ဟနေသောရင်ဘတ်နေရာတွင် ချစ်ခဲ့စဉ်ဖြစ်ပေါ်ခဲ့သော သင်္ကေတအမှတ်အသားများသည်ရှင်းရှင်းလင်းလင်းဖြစ်လို့နေ​၏။

ထို့နောက်ဝမ်ရိပေါ်က အိပ်ခန်းတစ်နေရာကိုလျှောက်သွားသည်။ရှုပ်ထွေးနေသော ပန်းခက်ပန်းနွယ်များကြား နစ်မြုပ်ဖုံးကွယ်နေသည့် ရှောင်းကျန့်​၏ဖုန်းလေးကို ကောက်ယူ၍ဘောင်းဘီအိတ်ကပ်ထဲထည့် ကာ တစ်ခြမ်းစောင်းပြုံးပြီးအခန်းပြင်သို့ထွက်လာခဲ့​၏။

"မင်းတို့ရဲ့ သူဌေးဆိုတဲ့ကောင်ကဘယ်မှာလဲ...! "

အိမ်အောက်ထပ်ကိုရောက်လာသည်နှင့် ရန်လိုနေသည့် လီရှင်း​၏ဩရှရှအသံကိုဝမ်ရိပေါ်ကြားလိုက်သည်။ယုန်အနက်ရောင်လေးကိုရင်ခွင်ထဲအပ်ပြီးတယုတယပွတ်သပ်ကိုင်ဆောင်လာသည့်ဝမ်ရိပေါ်က ဆွဲထားသည့်သူ့လူများကြားရုန်းကန်ကြိမ်းမောင်းလို့နေသော လီရှင်းကို ကြည့်၍...

Behind A Burning Willow TreeWhere stories live. Discover now