အပိုင်း(၁၂) Unicode

1.8K 209 22
                                        

အမတ်လောင်းရှောင်းချန်နှင့်ဇနီးလုပ်ကြံခံရမှု၌ပြိုင်ဘက်ပါတီဝင်အမတ်လောင်းများအား တစ်ယောက်ချင်းစီတစ်ညနေလုံးအမှုစစ်ဆေးခဲ့ရမှုကြောင့် လီရှင်းအခုမှ သူ့သီးသန့်အလုပ်ခန်းသို့ပြန်လည်ရောက်ရှိလာ​၏။လက်ထဲတွင်ကိုင်ဆောင်လာသောမှတ်တမ်းစာရွက်များအား စားပွဲပေါ်ပစ်တင်လိုက်ပြီးသည့်အခါတွင်တော့ထိုင်ခုံတွင်ကျောမီထိုင်ကာ မျက်လုံးများမှိတ်ချလိုက်​၏။

စစ်ဆေးမေးမြန်းခြင်းခံခဲ့ရသူများမှာ တိကျသေချာသည့် အလီဘိုင်ရှိ​နေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပျောက်ဆုံးနေသည့် ရှောင်းမီနာနှင့် အိမ်တော် ထိန်းလီသည်သာ မှုခင်းဖြစ်စဉ်၌ ဘာတွေဖြစ်ပျက်ခဲ့မှန်းအတိအကျသိနိုင်သောလူများဖြစ်သည့်အပြင်၊ လုပ်ကြံမှုနှင့်ပတ်သတ်သည့် သံသယအဖြစ်ခံရဆုံးလူများအဖြစ်သတ်မှတ်ခြင်းခံနေရခြင်းဖြစ်သည်။

သူ​၏ဖခင်ဖြစ်သူအားယိုးစွပ်သည့်သဘောတရားများဦးတည်လာတိုင်းလီရှင်းမျက်နှာပျက်ရသည်။သူ့ဖခင်ဖြစ်သူက ရှောင်းမိသားစုအပေါ်အင်မတန်သစ္စာရှိသည်ဖြစ်၍ ထိုလုပ်ရပ်မျိုးလုပ်မည်မဟုတ်ဟုလီရှင်းကိုယ်တိုင်အာမခံနိုင်သော်လည်း သက်သေပြ၍မရသည့်အခါ အပြိုင်ငြင်း၍မရတာဖြစ်​သည်။

ထို့အပြင်ထပ်မံသိရှိခဲ့ရသည့် သဲလွန်စတစ်ခုမှာ ယာဉ်မတော်တဆမှုကြောင့် ဆုံးပါးလို့သွားခဲ့သည့် ရှောင်းမီနာ​၏ခင်ပွန်းဖြစ်သူ ဝူရှန်ချင်းမှာ အခုထက်ထိမပေးဆပ်ရသေးသောလောင်းကစားအကြွေးများရှိနေခဲ့တာဖြစ်သည်။

ထို့ကြောင့်ယခုလူသတ်မှုတွင်ဝူရှန်ချင်းဘက်မှ ဆက်နွယ်နေသော အကြွေးရှင်များအားလည်း ချန်လှပ်ထား၍မရသလို၊ ကိုယ့်ခမည်းခမက်များလုပ်ကြံခံရမှု၌ အသံတစ်ချက်မထွက် ငြိမ်သက်လို့နေသည့် အငြိမ်းစားပြည်ထဲရေးဝန်ကြီးဝူကိုလည်း ချန်လှပ်ထား၍မရတာဖြစ်​၏။

ထိုသို့ရှင်းလေရှုပ်လေ၊ လိုက်လေဝေးလေ၊ ရှာလေ မတွေ့လေဖြစ်နေသည့်အနေအထားမှာ လီရှင်းအလွန်ပင်မွန်းကြပ်လွန်းတာဖြစ်​၏။

"တင်းတောင်..."

"ဖုန်းခေါ်လို့ရပြီလားဟင် ကောကော..."

Behind A Burning Willow TreeWhere stories live. Discover now