သုံးရက်ကြာပြီးနောက်...
ကလိုဝီ သူ၏အလုပ်စားပွဲတွင် ဆေးရုံဆင်းခွင့်စာရွက် စာတမ်းတစ်ခုကိုပြင်ဆင်လို့နေသည်။လက်မှတ်ထိုးပေးရမည့်နေရာရောက်သည့်အခါကလိုဝီခေတ္တတွေဝေမိလို့သွား၏။ဆေးရုံဆင်းဖို့မသင့်တော်သေးသည့်လူနာတစ်ဦးအားဆေးရုံဆင်းခွင့်ပေးရမည်ဆိုသည်မှာဆရာဝန်တစ်ဦးအနေဖြင့်မလုပ်သင့်သည့်ကိစ္စဖြစ်သော်လည်းသူ့မှာရွေးချယ်ခွင့်မရှိ။
အတင်းအကြပ်လုပ်ယူတောင်းဆိုခြင်းခံရသည်ကြောင့်လက်မှတ်ထိုးပေးရမည်ဖြစ်သည်ဆိုသော်ငြား၊ သူ့စိတ်ကိုလှုပ်ခတ်သွားစေသည်မှာမေးခွန်းတစ်ခုကြောင့်ဖြစ်၏။
"ခင်ဗျားတို့ဆေးရုံကသူ့ကိုဘယ်အတိုင်းအတာအထိလုံခြုံမှုပေးနိုင်လဲ...အထူးသဖြင့် စိတ်လုံခြုံမှု..."
စိတ်ကျန်းမာရေးအထူးကုတစ်ဦးအား"စိတ်လုံခြုံမှု"ဆိုသည့်စကားလေးနဲ့ချုပ်ကိုင်လို့သွားသည့်ဝမ်ရိပေါ်၏အမေးကိုကလိုဝီပြန်ကြားယောင်ကာစိတ်ကိုဒုန်းဒုန်းချ၍ ဆေးရုံဆင်းခွင့်စာရွက်စာတမ်းပေါ်၌သူ၏နာမည်တံဆိပ်တုံးနှင့်လက်မှတ်ကိုရေးထိုးပေးလိုက်၏။
"ရိပေါ်..."
ကလိုဝီ၏လက်ထဲကစာရွက်စာတမ်းကိုဝမ်ရိပေါ်လက်လွှဲယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
စိတ်ရင်းအမှန်များထင်ဟပ်နေသည့်မျက်ဝန်းများဖြင့်ဆိုလာသည့်ဝမ်ရိပေါ်၏စကားကြောင့်ကလိုဝီ၏စိတ်အတွင်း၌ကြည်နူးမှုတစ်ခုဖြစ်ပေါ်လို့သွား၏။လူနာရှင်တစ်ဦးထံမှကျေးဇူးတင်စကားတစ်ခွန်းသည်ဆရာဝန်တို့အတွက်ပီတိတစ်ခုဖြစ်သည်ကြောင့်ကလိုဝီ၏မျက်နှာထက်ရှိအပြုံးရိပ်သည်တော်တော်နှင့်ပျောက်ကွယ်သွားခြင်းမရှိတော့။
"ကျန့်ကျန့်နဲ့ပတ်သက်ရင် ကျွန်မကိုအချိန်မရွေးဆက်သွယ်လိုက်ပါ...ဘယ်အချိန်မဆိုကျွန်မရှိနေပေးပါမယ်..."
"အဲ့တာတော့ မပူနဲ့...ခင်ဗျားဘက်ကသာအမြဲတမ်းအဆင်သင့်ဖြစ်နေ..."
ဝမ်ရိပေါ် အပြင်သို့ထွက်လာကာလက်ထဲကစာရွက်စာတမ်းကို ဂျွန် ကိုလက်ပြောင်းပေးလိုက်သည်။ဂျွန်ကအလိုက်သတိဖြင့်ယူလိုက်ရင်း...