အပိုင်း(၉) Unicode

1.2K 184 28
                                    

ရဲတစ်ဦး​၏ဗီဇအရ လီရှင်းသည်သူတို့စီးနင်းလိုက်ပါလာသော ကားဖြတ်သန်းဝင်ရောက်လာသည့်နေရာကိုစူးစမ်းလိုက်သည်။လူနှစ်ရပ်ခန့်မြင့်မားသည့်တံတိုင်းများကာရံထားသည့်ဝန်းထဲတွင် လုံခြုံရေးဟုယူဆရသော အနက်ရောင်ဝတ်လူများကို ဟိုတစ်စဒီတစ်စမြင်တွေ့ရပြီး ထိုလူများသည်ဆက်သွယ်ရေးကိရိယာများကို ဝတ်ဆင်ထားကြတာဖြစ်သည်။

သာမန်စီးပွားရေးလုပ်ငန်းရှင်ဆိုလျှင် ဤမျှလောက်လုံခြုံရေးများရှိလိမ့်မည်မဟုတ်သော်လည်း သာမန်မဟုတ်သည့်လုပ်ငန်းများလုပ်ကိုင်နေခြင်းကြောင့်လုံခြုံရေးအရေအတွက်များပြားနေလွန်းတာဖြစ်နိုင်သည်ဟု လီရှင်းကောက်ချက်ချလိုက်သည်။အုံ့အုံ့ဆိုင်းဆိုင်းဖြစ်နေသည့်အပင်ကြီးများနှင့် ထုထည်ကြီးပြီးမြင့်မားသောတံတိုင်းများကြောင့်အထဲ၌မည်သည့်အရာများလုပ်ကိုင်နေကြသည်ကိုလွယ်လင့်တကူမမြင်နိုင်ခြင်းမျိုးဖြစ်​၏။

ဝန်းကြီးအတွင်း ဂိုထောင်လိုလိုအဆောက်အဦးများဟိုတစ်စုဒီတစ်စုရှိနေခြင်းမှာလည်း မူမှန်ခြင်းမရှိသလို၊ အထဲမှာဘာတွေရှိလဲဟု ဥပဒေအရဝရမ်းမပါဘဲချက် ချင်းသွားရောက်စစ်ဆေးကြည့်၍မရသည့်အခါ လီရှင်းသူ့အတွေးနဲ့သူပ်ိတ်မိလို့နေတာဖြစ်သည်။

"ဝုတ်...ဝုတ်..."

ဂျွန်မောင်းနှင်လာသည့်ကားသည် ဝန်းကြီးထဲရှိ သံဇကာဝန်းတစ်ခုကို ဖြတ်ကျော်လာသည့်အခါ အထဲမှာရှိသည့် တိဗက်တန်ခွေးများသည် သူစိမ်းပါလာသည်ကို ရိပ်စားမိပြီး အဆက်မပြတ်ထိုးဟောင်​၏။အရွယ်အစားကြီးပြီး အသံနက်များဖြင့်ဟောင်နေကြသော ခွေးကြီးများကို ရှောင်းကျန့်ကြောက်ရွံ့ဟန်ဖြင့်လီရှင်း​၏ဘေးသို့တိုးကပ်ကာ လက်မောင်းကိုအားကိုးတကြီးဖက်တွယ်လိုက်သည်။

လီရှင်းက ရှောင်းကျန့်မကြောက်အောင် ရှောင်းကျန့်​၏ ခေါင်းကိုအသာလေးပွတ်သပ်ပေးလို့နေရင်း သူကိုယ်တိုင်လည်း အနောက်မှာကျန်ရစ်ခဲ့ပြီဖြစ်သော သံဇကာဝန်းထဲရှိခွေးများကို တစ်ချက်လှည့်ကြည့်လိုက်သည်။ လီရှင်းအနေနဲ့ တိဗက်တန်ခွေးများကို အရင်အမှုကိစ္စတချို့ကြောင့် တိဗက်သို့ရောက်ခိုက် တစ်ခါနှစ်ခါတော့ မြင်ဖူးသော်ငြား၊ဘေကျင်းလိုနေရာမျိုးတွင်ဒီလိုအစုလိုက်အပြုံလိုက်မြင်ဖူးခြင်းမှာ ဒီတစ်ခါပထမဦးဆုံးဖြစ်​၏။

Behind A Burning Willow TreeWhere stories live. Discover now