အပိုင်း(၁၃) Unicode

1.2K 175 19
                                    

People believe what they see.
Let's burn down a willow tree.

Rod,metal,heart of stone...
Will create a thunder storm.

The justice untold, the blindfold
Will you fulfill my wish forevermore?
____________ _____________

ယခုအိမ်တွင်ရောက်ရှိနေသည်မှာ တစ်ပတ်ရှိပြီဖြစ်သည့် ရှောင်းကျန့်သည် နေ့လယ်မွန်းလွဲတစ်နာရီအချိန်၌ ယုန်အနက်ရောင်လေးကိုရင်ခွင်ထဲပွေ့ချီ၍ အိမ်​၏ အောက်ထပ်ညာဘက်တွင်ရှိသောအခန်းကျယ်ထဲသို့ဝင်ရောက်လို့လာ​၏။

ထိုအခန်းတံခါးကိုတွန်းဖွင့်လိုက်သောရှောင်းကျန့်သည် အခန်းထောင့်မှာရှိနေသည့် ခလုတ်တစ်ခုအားနှိပ်လိုက်သည့်အခါ ထိုအခန်းကိုကာရံထားသည့်လိုက်ကာများသည် အလိုအလျောက်စနစ်ဖြင့် အောက်ခြေမှ အပေါ်သို့လိပ်တက်သွားပြီး မှန်ဖြင့်ပြုလုပ်ထားသောနံရံများသာကျန်ရှိကာ အပြင်ဘက်ရှိရှုခင်းများကို ပန်းချီကားတစ်ချပ်ကဲ့သို့ရှင်းလင်းစွာမြင်လို့နေရ​၏။

မှန်နံရံများသာကာရံထားသောထိုအခန်းပတ်ပတ်လည် ၌ စုစုပေါင်းပန်းချီကား ၇ ခုကို တစ်နေရာစီတွင်နေရာခွဲချိတ်ဆွဲထားခြင်းဖြစ်ပြီး ထိုပန်းချီကားများ​၏ညာဘက်ထောင့်တွင် "Z" ဟူသည့်အမှတ်အသားလေးများကိုယ်စီပါရှိ​၏။

သို့သော် ရှောင်းကျန့်​၏မျက်လုံးများကိုဖမ်းစားသွားသည်က သူရောင်းထွက်ခဲ့သည့် ပန်းချီကားများအားလုံးကိုတစ်စုတစ်စီးတည်းမြင်တွေ့နေရသည့်မြင်ကွင်းမဟုတ်ဘဲ ထိုပန်းချီခန်း​၏မှန်နံရံများမှတစ်ဆင့်လှမ်းမြင်တွေ့နေရသည့် အကိုင်းအခက်များစုံလင်နေသော မိုးမခပင်ကြီးတစ်ပင်ဖြစ်​၏။

ရှောင်းကျန့်​၏ခြေလှမ်းများသည် မှန်နံရံများဆီသို့နီးကပ်လို့သွားသည်။လက်ထဲကယုန်လေးကိုညင်သာစွာပွတ်သပ်ပေးလို့နေရင်း တွေ့မြင်နေရသောမိုးမခပင်ကြီးကို မျက်တောင်တစ်ချက်မခတ်စိုက်ကြည့်​၏။တစ်မိနစ်...နှစ်မိနစ်...ဆယ့်ငါးမိနစ်...မိနစ်နှစ်ဆယ်အထိ မလှုပ်မယှက်ရပ်ကြည့်ပြီးသည့်အခါယုန်လေးကို ရှောင်းကျန့်ကြမ်းပြင်ထက်လွှတ်ပေးလိုက်၍ ထိုပန်းချီခန်းအလယ်ရှိပန်းချီရေးဆွဲသည့်နေရာတွင်နေရာဝင်ယူလိုက်သည်။

Behind A Burning Willow TreeWhere stories live. Discover now