အပိုင်း(၂၄) Unicode

1.5K 168 27
                                    

လီရှင်း​ရင်ထဲတအုံနွေးနွေးဖြစ်နေသည်။ရေရေရာရာမရှိသည့်အကြောင်းများဖြင့်တစ်ညလုံးဟိုတွေးဒီတွေးဖြစ်ခဲ့သည်ကြောင့်စိတ်ထဲသိပ်နေလို့မကောင်းဖြစ်နေသည်မှာမနက်အိပ်ရာနိုးလာကတည်းကအခုနေ့လယ်စာစားပြီးသည့်အချိန်ထိဖြစ်သည်။

"ဖရဲသီးကြီးကမာလိုက်တာ..."

လီရှင်း​၏အကြည့်များသည် တစ်ထွာခွဲခန့်ရှိသောအဖျားချွန်အသားလှီးဓားဖြင့်ဖရဲသီးခွဲနေသည့်ရှောင်းကျန့်ဆီသို့ကျရောက်နေသည်။နေ့လယ်စာစားပြီးချိန်၌ "ကောကောကိုဖရဲသီးခွဲကျွေးမယ်"ဟုပြောလာသောရှောင်းကျန့်ကအဝိုင်းသဏ္ဌာန်ရှိသောဖရဲသီးကိုမည်သူ့အကူအညီမှမယူဘဲတစ်ဦးတည်းခွဲနေတာဖြစ်​၏။

"ဇွပ်...! "

"ဇွပ်...! "

"ဇွပ်...! "

ရှောင်းကျန့်သည်ဓားကိုလက်ငါးချောင်းဖြင့်ကျစ်နေအောင်ဆုပ်ကိုင်လို့ထားပြီး ဖရဲသီးကိုတဇွပ်ဇွပ်ထိုးနေ​၏။ဓားချက်ကျရောက်သွားသည့်နေရာများသည်နက်နဲသောအရာများထင်ကျန်လို့သွားပြီးဖရဲသီး​၏အသားကိုထိုးဖောက်ကာအတွင်းမှအချိုရည်များစိမ့်ထွက်လို့လာသည်။

ရှောင်းကျန့်​၏ဓားကိုင်ပုံကိုအကြောင်းပြချက်မဲ့စိုက် ကြည့်နေမိသည့်လီရှင်းကဖရဲသီးတစ်ခုလုံးမွစာကြဲတော့မည့်အချိန်တွင်...

"ကလေး ဒီကိုလာ...ကော ခွဲပေးမယ်..."

"ရတယ် ကျွန်တော်ခွဲတတ်တယ်..."

လီရှင်း ဆက်မပြောတော့ဘဲ သူကိုယ်တိုင် ရှောင်းကျန့် အနားသို့သွားလိုက်ကာ ရှောင်းကျန့်လက်ထဲမှဓားနှင့် ပုံပျက်နေသောဖရဲသီးကိုအသာလေးဆွဲယူလိုက်သည်။ ထိုအခါ ရှောင်းကျန့်ကဖရဲသီး​၏အရည်များပေလို့နေသောနီကျန့်ကျန့်လက်လေးနှစ်ဖက်ကိုကြည့်လိုက်ကာ...

"မသိရင် သွေးတွေကျနေတာပဲနော်..."

ဖရဲသီးခွဲဖို့ဓားကိုင်ထားသည့်လီရှင်း​၏လက်များတုံ့ကနဲဖြစ်သွားသည်။သဘောတကျပြုံးပြီးပြောနေသည့်ရှောင်းကျန့်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်၍...

"မတူပါဘူး ကလေးကလည်း...လက်သွားဆေးလိုက်ဦး...တော်ကြာ ပုရွက်ဆိတ်တွေကိုက်နေဦးမယ်..."

Behind A Burning Willow TreeWhere stories live. Discover now