High Functioning Psychopath (စွမ်းဆောင်ရည်မြင့်မားသည့် psychopath)
ယေဘုယျသဘောတရားအရ စွမ်းဆောင်ရည်မြင့်မားသည့် psychopath များသည် ကိုယ်ချင်းစာ တရား၊အကြောက်တရားနှင့် အပြစ်စိတ်မရှိခြင်း။ခံစားချက်မရှိခြင်း။စဉ်းလဲပြီး တစ်ပါးသူ၏စိတ်ကိုခြယ်လှယ်ခြင်း။အတိတ်ကသင်ခန်းစာကနေသင်ယူတတ်မှုမရှိခြင်း(နောင်တတရားမရှိခြင်း) စသည့်အချက်အလက်များတွင် စွမ်းဆောင်ရည်နိမ့်ပါးသည့် (Low Functioning Psychopath)များနှင့်တူညီ၏။
သို့သော်စွမ်းဆောင်ရည်မြင့်မားသည့် psychopath များ၌ စွမ်းဆောင်ရည်နိမ့်ပါးသည့် psychopathများနှင့်မတူညီဘဲကွဲထွက်နေသည့် အချက်အလက်များရှိ၏။
သူတို့သည်ကိုယ့်ကိုယ်ကိုယ် psychopath တစ်ဦးဆိုတာကိုသိနားလည်သည်။ကိုယ်ကိုယ်ကိုယ်ထိန်းချုပ်မှုရှိပြီး စိတ်လိုက်မာန်ပါပြုလုပ်ခြင်းများကိုမပြုမူကြ။ထို့အပြင်သူတို့ကို တခြားလူများက psychopath တစ်ဦးဆိုတာကို မသိရှိနိုင်အောင်အနေအထိုင်ပိရိပြီးမကောင်းသောအရာများပြုလုပ်လိုပါကလည်းပေါ်ထင်စွာမလုပ်ကြခြင်းဖြစ်သည်။ထို့ကြောင့်ဟန်ဆောင်ကောင်းကြသော စွမ်းဆောင်ရည်မြင့်မားသည့် psychopath များသည် စွမ်းဆောင်ရည်နိမ့်ပါးသည့် psychopath များထက်ခန့်မှန်းရခက်တာဖြစ်၏။
သူတို့သည်ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေစွာနေထိုင်တတ်ပြီး လိုအပ်သော social မျက်နှာဖုံးများကိုတပ်ဆင်တတ်ခြင်းဖြစ်၏။လိုအပ်သည့်နေရာမှာလိုအပ်သလို ပြုမူနေထိုင်နိုင်သည်ကြောင့်လူအသိုင်းအဝိုင်းတွင်နေရာဝင်ဆံ့ပြီးသာမာန်လူတစ်ဦးကဲ့သို့နေထိုင်နိုင်ကြခြင်းဖြစ်၏။ရည်မှန်းချက်ဆိုသည့်အရာလည်းသတ်သတ်မှတ်မှတ်ရှိကာ အရှေ့ကိုလည်းကြိုတွေးတတ်ကြခြင်းကြောင့် သူတို့၏နယ်ပယ်တွင် ခေါင်းဆောင်များသို့မဟုတ် ကျော်ကြားသူများအဖြစ်ပေါက်ရောက်နိုင်ကြတာဖြစ်သည်။
ဥပမာ- အာရုံကြောသိပ္ပံပညာရှင်တစ်ဦးဖြစ်သော James. H.Fallon သည် စွမ်းဆောင်ရည်မြင့်မားသည့် psychopath တစ်ဦးဖြစ်သည်။ထို့အတူ အချို့သောနိုင်ငံတကာအနုပညာရှင်တချို့သည်လည်းစွမ်းဆောင်ရည်မြင့်မားသည့် psychopath များအဖြစ်သိရှိကြရပြီး သူ့နယ်ပယ်၌သူအောင်မြင်နေကြတာဖြစ်၏။
