အပိုင်း(၂၁) Unicode

1.8K 193 16
                                        

ဝမ်ရိပေါ်​၏အိမ်သို့ပြန်ရောက်နေပြီဖြစ်သည့် ရှောင်းကျန့်က သူ့အခန်းထဲ၌အိပ်ရာထက်စောင်ခြုံ၍ကွေးကွေးလေးလှဲလို့နေ​၏။ည ၉ နာရီခွဲအချိန်ရှိနေပြီဖြစ်ရာ တစ်ခန်းလုံးအမှောင်ချထားပြီး အိပ်ရာဘေးရှိ မီးအိမ်လေးကိုသာဖွင့်လို့ထားတာဖြစ်​၏။မျက်လုံးများမှိတ်လို့ထားသည့် ရှောင်းကျန့်က အိပ်ပျော်နေသည်(သို့မဟုတ်) အိပ်ပျော်နေသည့်အသွင်ကိုဆောင်ထားဟန်ရှိသည်။

"ချောက်..."

နာရီဝက်ခန့်ကြာသည့်အခါ ရှောင်းကျန့်​၏အခန်းထဲသို့ အခုမှအပြင်ကပြန်ရောက်လာဟန်ရှိသည့်ဝမ်ရိပေါ်ဝင်ရောက်လို့လာ​၏။ဝမ်ရိပေါ်က မွန်းကြပ်နေသည့်ဟန်ရှိကာ long coat ကိုချွတ်၍တွေ့သည့်နေရာသို့ပစ်တင်လိုက်​၏။တစ်ဆက်တည်းမှာအိပ်ရာထက်လှဲနေသည့်ရှောင်းကျန့်ကိုကြည့်ရင်းသူ​၏အတွင်းရှပ်လက်ရှည်အနက်​၏အပေါ်ကြယ်သီးသုံးလုံးခန့်ကိုဖြုတ်လိုက်ပြီးနောက် အိပ်ရာပေါ်တက်ကာ ရှောင်းကျန့်​၏ကျောဘက်တွင်ဝင်လှဲလိုက်သည်။

အိပ်ရာညွတ်ကနဲဖြစ်လို့သွားကတည်းက ခန္ဓာကိုယ်လေး ကျုံ့လို့သွားသည့်ရှောင်းကျန့်ကခေါင်းအောက်လျှိုဝင်လာသည့်လက်တစ်ဖက်နှင့်ခါးထက်ရောက်လာသည့်လက်တစ်ဖက်ကြောင့်ခန္ဓာကိုယ်လေးပို၍ကွေးကျုံ့လို့သွား​၏။

ဘေးတစောင်းအနေအထား၌ပေါ်လွင်နေသည့်ပါးတစ်ဖက်အပေါ်သို့အနမ်းတချို့ကျရောက်လာသည့်အခါ ရှောင်းကျန့်ဆတ်ကနဲဖြစ်သွားပြီး ရင်ခွင်ထဲမှမသိမသာရုန်းထွက်ဖို့ကြိုးစား​၏။ထိုအခါဝမ်ရိပေါ်ကပို၍တင်းကြပ်စွာဖက်လိုက်ကာ...

"ဘယ်တွေလျှောက်သွားနေခဲ့တာလဲ..."

ရှောင်းကျန့်​၏လည်တိုင်ထက်ဝမ်ရိပေါ်မျက်နှာအပ်လိုက်သည်။ နားရွက်ဖျားလေးကိုနမ်းဖို့လုပ်လိုက်သည့်အခိုက် ရှောင်းကျန့်အတင်းရုန်းကန်ပြီးအိပ်ရာပေါ်မှဆင်းသွားသည်။ဝမ်ရိပေါ်ထထိုင်လိုက်ပြီးရှောင်းကျန့်ကိုရီဝေစွာကြည့်၍...

"ဒီကိုပြန်လာခဲ့ Bae..."

ရှောင်းကျန့်အနောက်သို့ပို၍ဆုတ်ကာမီးခလုတ်ရှိရာသို့ သွားပြီးအခန်းမီးများဖွင့်လိုက်သည်။အမြင်အာရုံကျိန်းစပ်လို့သွားဟန်ရှိသည့် ဝမ်ရိပေါ်ကမျက်လုံးများမှိတ်ချသည်။သူ​၏ဆံပင်တွေကိုအနောက်သို့ထိုးသပ် တင်လိုက်ပြီးနောက် ရှောင်းကျန့်ရှိရာသို့လျှောက်သွားကာ လက်ကောက်ဝတ်ကနေကိုင်ပြီး အိပ်ရာပေါ်သို့ဆွဲတင်လိုက်​၏။ပြီးလျှင်အပေါ်မှအုပ်မိုးလိုက်ပြီး ရှောင်းကျန့်​၏အောက်နှုတ်ခမ်းကိုလက်မဖြင့်ဖွဖွလေးပွတ်သပ်လိုက်ကာ...

Behind A Burning Willow TreeWhere stories live. Discover now