အပိုင်း(၃၃) Unicode

1.9K 193 10
                                        

"မျက်နှာပေါ်ကို မိတ်ကပ်ပါးပါးလေးတင်ဦးမလား..."

Stylist ​၏အမေးကိုရှောင်းကျန့်ပင်ပြန်မဖြေရသေးခင် အချိန်၌ ကလိုဝီကအသည်းအသန်ကြားဖြတ်တားလိုက်၍...

"ဘာမှမလိမ်းပေးနဲ့ သဘာဝအတိုင်း နို့ရည်ကြည်ကြည်လေးတစ်ခုပဲလိမ်းပေး...တော်ကြာကျန့်ကျန့်ရဲ့ပါးပေါ်ကဆံချည်မျှင်သွေးကြောလေးတွေကိုမိတ်ကပ်တွေကဖုံးသွားလိမ့်မယ်..."

ကလိုဝီ​၏ စကားကို stylist က နားလည်စွာဖြင့် ရှောင်းကျန့်​၏ဝင်းမွတ်လို့နေသည့်မျက်နှာလေးကိုနဂိုထက်တင်းတင်းပြောင်ပြောင်လေးဖြစ်လို့သွားအောင်နို့ရည် လေးတစ်မျိုးသာလိမ်းပေးလိုက်သည်။

အသက် ၂၃ နှစ်အရွယ်ရှိနေပြီဖြစ်သည့်ရှောင်းကျန့်​၏မျက်နှာထက်တွင်မပြောင်းမလဲရှိနေဆဲဖြစ်သည်က စိမ်းပြာရောင်ဆံချည်မျှင်သွေးကြောလေးများပင်ဖြစ်​၏။နှုတ်ခမ်းလေးသည်လည်း ဆေးကူစရာမလိုဘဲ နီရဲထွေးလို့နေသည်ကြောင့် stylist အနေနဲ့မျက်နှာကိုဘာမှပင်ပြင်ဆင်ပေးလိုက်ရခြင်းမရှိဘဲ မတိုမရှည်ဆံပင်ပျော့ပျော့လေးများကိုသာသေချာပုံသွင်းပေးလိုက်​ရ​၏။

မျက်နှာနှင့်ဆံပင်များပြင်ဆင်ပြီးသွားသည့်နောက် stylist က နာရီကိုကြည့်လိုက်ကာ...

"အခု ဝတ်စုံဝတ်ထားလိုက်ရအောင်...သွားရလာရတဲ့အချိန်နဲ့ အရမ်းကပ်နေမှာစိုးလို့..."

Stylist က ရှောင်းကျန့်ကိုအဝတ်ဆင်ပေးနေသည်ဖြစ်သည်ကြောင့် ကလိုဝီတစ်ဖက်သို့အကြည့်လွှဲပေးထားလိုက်​၏။ငါးမိနစ်ခန့်လောက်ကြာသည့်အခါမှ ရှောင်းကျန့်ရှိရာကို ကလိုဝီကြည့်လိုက်ရင်း မင်သက် လို့သွားသည်။တော်တော်နဲ့စကားမပြောနိုင်သေးဘဲ...

"ကျွန်မကျိန်းသေပြောရဲတယ်...ဒီပုံလေးသာ ရိပေါ် တွေ့ရင် အဲ့နေရာမှာတင်ရူးသွားလောက်တယ်..."

ကလိုဝီ​၏အိမ်ရှိ ကိုယ်လုံးပေါ်မှန်ရှေ့၌ stylistနှင့်အတူမတ်တပ်ရပ်ကာခန္ဓာကိုယ်ထက်ရှိဝတ်စုံလေးကိုကြည့်နေသည့်ရှောင်းကျန့်ကကလိုဝီ​၏ စကားကြောင့်မျက်နှာထက်၌အပြုံးရေးရေးလေးဖြစ်ပေါ်လိုက်ကာ...

Behind A Burning Willow TreeWhere stories live. Discover now