မနက် ၈ နာရီပင်မထိုးသေး တွန်းလှဲပုခက်လေးထဲမှကလေးငယ်ကိုရှောင်းကျန့်ချီထုတ်ခဲ့ကာအိမ်အောက်ထပ်သို့ဆင်းလာ၍ အိမ်ကအလုပ်သမားတစ်ဦးအားနို့ဘူးပြင်ခိုင်းလိုက်သည်။ရှောင်းကျန့်က ကလေးကိုဆိုဖာပေါ်ပက်လက်လေးချထားလိုက်ပြီး သူကလည်း ကလေးဘေးတွင်ဝင်ထိုင်၍ လက်ထဲကပလုတ်တုတ် လေးကို လှည့်ကာချော့မြူလို့နေ၏။
အိပ်ရေးဝနေသည့်ကလေးငယ်ကရှောင်းကျန့်လှည့်ပြနေသောပလုတ်တုတ်၏အသံလေးကိုနားထောင်ရင်းဟိုကြည့်ဒီကြည့်လုပ်နေ၏။မကြာမီရှောင်းကျန့်တို့အနီးသို့ အလုပ်သမားတစ်ဦးရောက်လာကာနို့ဘူးနွေးနွေးလေးကိုယူလာခဲ့သည်။ရှောင်းကျန့်ကနို့ဘူးလေးကိုကိုယ်တိုင်ကိုယ်ကျဆွဲယူလိုက်ပြီး ကလေးငယ်၏ပါးစပ်ရှေ့သို့တေ့ပေးလိုက်၏။နို့ဆာနေပြီဖြစ်သည့်ကလေးငယ်က တပြွတ်ပြွတ်မြည်အောင်စုပ်ယူနေလျှင်ပဲ ရှောင်းကျန့်သဘောကျလို့နေတာဖြစ်သည်။
"မပြင်ဆင်ရသေးဘူးလား Bae..."
အလုပ်သွားဖို့အသင့်ဖြစ်နေဟန်ရှိသည့် ဝမ်ရိပေါ်ကအင်္ကျီလက်ကြယ်သီးများကိုချိန်ညှိကာအပေါ်ထပ်မှဆင်းလာရင်း ရှောင်းကျန့်ကိုမေးလိုက်သည်။ဝမ်ရိပေါ်ဆင်းလာသည်ကိုပင်အာရုံထဲမရှိသည့်ရှောင်းကျန့်က အမေးကိုလည်းကြားလိုက်ခြင်းမရှိဘဲ ကလေးနဲ့သာဆက်၍ကစားနေသည်။
ဝမ်ရိပေါ်ကရှောင်းကျန့်ချော့မြူနေသည့်ကလေးကိုတစ်ချက်ကြည့်ကာ ရှောင်းကျန့်ဘေးတွင်ဝင်ထိုင်၍ပါးပြင်နုနုလေးကိုတစ်ချက်နမ်းလိုက်၏။
"ပြင်ဆင်တော့လေ...ဂျွန်စောင့်နေပြီ..."
"ငါ မလိုက်ချင်ဘူး...အိမ်မှာပဲနေချင်တာ..."
ရှောင်းကျန့်ပြောရင်း ကလေး၏နှုတ်ခမ်းမှစီးကျလာသော နို့ရည်လေးများကို သူ့လက်ခုံလေးဖြင့်သုတ်ပေးမည်ပြင်လိုက်စဉ် ဝမ်ရိပေါ်တားလိုက်ကာ...
"Bae ရဲ့လက်လေးတွေပေလိမ့်မယ်..."
"ဘာမှမဖြစ်ပါဘူး Darling ကလည်း..."
ရှောင်းကျန့်ကသူ့လက်ခုံလေးကိုသာအသုံးပြု၍ ကလေး၏ပါးစပ်ကိုသုတ်ပေးလိုက်၏။နို့ဝသွားပြီဖြစ်သည့်ကလေးကို ရှောင်းကျန့်ပွေ့လိုက်ပြီးသူ့မျက်နှာလေးနဲ့ယှဉ်၍ဝမ်ရိပေါ်ကိုပြလိုက်ကာ...
