မနက် ၈ နာရီ။ တစ်အိမ်လုံးရှိပြက္ခဒိန်များပေါ်၌
ဖော်ပြထားသည့်ရက်စွဲက ဒီဇင်ဘာလ ၁ ရက်နေ့။
နှာခေါင်းထိပ်ပေါ်ကျရောက်လာသည့်နှုတ်ခမ်းတို့၏နူးနူးညံ့ညံ့အထိအတွေ့ကြောင့်ရှောင်းကျန့်၏မျက်ခွံလေးများလှုပ်လာသည်။မျက်လုံးမပွင့်သေးသော်လည်းယားကျိကျိခံစားချက်ကြောင့်နှာခေါင်းထိပ်ကိုလက်ညိုးလေးနဲ့ကုတ်ဖို့လုပ်လိုက်စဉ်အခွင့်မသာဘဲ လက်ချောင်းလေးများကလက်ဖဝါးတစ်ခုထဲနစ်မြုပ်လို့သွား၏။ပြီးလျှင်နှာခေါင်းထိပ်ပေါ်သို့အနမ်းနွေးနွေးတစ်ခုကကျရောက်လာပြန်သည်။
ရှောင်းကျန့်မျက်လုံးဖွင့်ကြည့်လိုက်တော့ဝမ်ရိပေါ်၏ယောကျာ်းပီသသောမျက်နှာချောချောကိုအနီးကပ်မြင်တွေ့ရ၏။ဝမ်ရိပေါ်က ရှောင်းကျန့်၏ပါးပြင်ကိုမြတ်နိုးစွာလက်ချောင်းများဖြင့်အသာလေးပွတ်သပ်နေရင်း...
"Good Morning Bae..."
"အင်း...Morning..."
"နေလို့ကောင်းရဲ့လား..."
ရှောင်းကျန့်အပျင်းကြောလေးများဆန့်လိုက်၍...
"Darling ချစ်ပေးနေသ၍ နေလို့ကောင်းတယ်..."
ရှောင်းကျန့်၏ပါးပြင်ကိုဝမ်ရိပေါ်မနာအောင်ဖွဖွလေးညှစ်လိုက်၍ ငုံ့နမ်းလိုက်သည်။
"အပြင်မှာနှင်းတွေကျနေတယ် Bae..."
"တကယ်လား..."
"အင်း...ကိုယ်နဲ့အတူတူထကြည့်မလား..."
"အင်း ထကြည့်မယ်...အရင်ဆုံးမျက်နှာသစ်ချင်တယ်..."
ရှောင်းကျန့်ကိုဝမ်ရိပေါ်ပွေ့ချီကာသန့်စင်ခန်းထဲသို့ခေါ်သွား၏။မျက်နှာသစ်သည့်ဘေစင်ရှိရာနေရာပေါ်သို့ပင့်ချီတင်လိုက်၍ အသင့်ထည့်ထားပြီးသောသွားတိုက်တံလေးကိုရှောင်းကျန့်ဆီသို့ကမ်းပေးလိုက်သည်။ရှောင်းကျန့်ကခေါင်းခါပြသည်ကြောင့်ဝမ်ရိပေါ်ပြုံးလိုက်ပြီးသွားတိုက်တံကိုသူကိုယ်တိုင်ကိုင်လိုက်သည်။
ရှောင်းကျန့်ကိုသွားတိုက်ပေးပြီးသွားသည့်အခါ ဝမ်ရိပေါ်ကအင်္ကျီလက်ရှည်ကိုတံတောင်ဆစ်နားထိခေါက်တင်လိုက်ပြီးမျက်နှာသစ်ပေးဖို့လုပ်၏။သူ့ကိုငြိုငြင်ခြင်းမရှိစိတ်ရှည်စွာဖြင့်တစ်ခုချင်းအစအဆုံးလုပ် ပေးနေသည့်ဝမ်ရိပေါ်ကိုရှောင်းကျန့်မျက်နှာသုတ်ခံနေရင်း စိုက်ကြည့်လို့နေ၏။ပြီးလျှင်ဝမ်ရိပေါ်၏မျက်နှာကိုလက်ချောင်းလေးများနှင့်ထိလိုက်၍...
