"What just happened...? "
မြန်ဆန်လွန်းသည့်အဖြစ်အပျက်တစ်ခုကိုဘာဖြစ် သွားမှန်းမသိလိုက်ဖြစ်နေဟန်(သို့မဟုတ်)မသိချင်ယောင်ဆောင်နေဟန်ရှိသည့်ရှောင်းကျန့်ကဖိနပ်မပါသည့်သူ့ခြေဖဝါးအောက်ထိစီးလာသောအနီရောင်စေးပျစ်ပျစ်အရာများကိုငုံ့ကြည့်ရင်းပြောလိုက်သည်။လက်ထဲကခြုံစောင်လေးကိုထိုအိုင်ထွန်းနေသည့်အနီရောင်အရည်များပေါ်သို့ဖုံးအုပ်သလိုပစ်ချလိုက်ကာ သူ့ခြေထောက်ကိုစောင်ပေါ်တက်နင်း၍ ပေနေသည့်အရာများကိုသုတ်လိုက်၏။
ဝမ်ရိပေါ်ကိုရှောင်းကျန့်မျက်လုံးသေလေးများဖြင့်လှမ်းကြည့်လို့နေသည်။ဝမ်ရိပေါ်ကသူ့ကိုစိုက်ကြည့်မြဲသာစိုက်ကြည့်နေသည်ကြောင့်မျက်လွှာလေးကိုအောက်ချ၍ ကြမ်းပြင်ကိုကြည့်ပြီးသွေးများပေနေသည့်ခြေထောက်လေးသာဟိုပွတ်ဒီပွတ်လုပ်လို့နေ၏။
ဝမ်ရိပေါ်က ရှောင်းကျန့်ရှိရာသို့လျှောက်လာသည်။ရှောင်းကျန့်၏ပုခုံးနှစ်ဖက်ကိုလက်ဖြင့်ကိုင်၍မျက်နှာချင်းဆိုင်လိုက်သည့်အခိုက် ရှောင်းကျန့်၏မျက်ဝန်းများကခက်ထန်ခြင်းသို့ကူးပြောင်းသွားကာဝမ်ရိပေါ်ကိုလက်တစ်ဖက်ဖြင့်အားကုန်လွှဲရိုက်လိုက်၏။မထင်မှတ်ထားဘဲအငိုက်မိလို့သွားသည့်ဝမ်ရိပေါ်က ကျိန်းစပ်သွားသောမျက်နှာကိုလက်ဖြင့်ပြန်စမ်းသည်။
ဝမ်ရိပေါ်၏မျက်ဝန်းအိမ်ထဲမှ နာကျင်မှုကိုမြင်နိုင်စွမ်းမရှိသည့်ရှောင်းကျန့်က နောက်ထပ်တစ်ခေါက်လက်ရွယ်လိုက်လျှင်ပဲ ဝမ်ရိပေါ်ကရှောင်းကျန့်၏လက်နှစ်ဖက်ကိုတင်းကြပ်နေအောင်ချုပ်လိုက်ကာ...
"တော်သင့်နေပြီ Bae...! "
ဝမ်ရိပေါ်၏ခပ်ပြတ်ပြတ်မာန်လိုက်သံကြောင့် ရှောင်းကျန့်၏ခန္ဓာကိုယ်ဆတ်ကနဲတုန်သွားသည်။ကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဘဲ၊ ပထမဦးဆုံးအော်ခံရခြင်းကြောင့်ခံပြင်းလို့သွားကာ ဝမ်ရိပေါ်ကိုဆောင့်တွန်းဖို့လုပ်လိုက်သည်။သို့သော်ဝမ်ရိပေါ်ကလက်များကိုချုပ်ထားသည့်အခါ ရှောင်းကျန့်ရုန်းလို့မရဖြစ်နေရင်းဒေါသဒီဂရီတဖြည်းဖြည်းတက်လာကာ...