အပိုင်း(၂၀) Unicode

1.2K 147 2
                                    

"အင့်~~ဟင့်~~"

အခုမှအစိမ်းချုပ်ထားသည့်လီရှင်း​၏လက်မောင်းပေါ်ကဒဏ်ရာကိုရှောင်းကျန့်ကြည့်ရင်းရှိုက်ကြီးတငင်ငိုနေသည်။လီရှင်းနှင့် ရှောင်းကျန့်သည် ကလိုဝီ​၏ရုံးခန်းထဲသို့ရောက်နေသည်ဖြစ်ရာ...

"ကျွန်မ သောက်စရာလေးတွေသွားယူလိုက်ပါဦးမယ်..."

ကလိုဝီကို လီရှင်းခေါင်းညိတ်ပြလိုက်ပြီးနောက် ရှောင်းကျန့်​၏မျက်ရည်များကိုလက်မနဲ့ဖွဖွလေးသုတ်ပေးလိုက်ကာ...

"ကောဘာမှမဖြစ်ဘူးလေ...ရဲတစ်ယောက်အတွက်ဒီဒဏ်ရာလောက်ကဘာဖြစ်မှာလဲ...အရမ်းမငိုနဲ့ကလေး... ခေါင်းကိုက်လိမ့်မယ်..."

"မဟုတ်ဘူး...ကျွန်တော်သာသူ့ကိုသနားပြီး သကြားလုံးဝယ်မကျွေးခဲ့ရင် အဲ့လိုဖြစ်ခဲ့မှာမဟုတ်ဘူး...ကျွန်တော်သာအဲ့လူနာကြီးကိုကြိုးတွေဖြည်မပေးခဲ့ရင်ကောကောဒဏ်ရာရခဲ့မှာမဟုတ်ဘူး...သူကလေ ကျွန်တော့်ရှေ့မှာတုန်းကအဲ့လိုမဟုတ်ဘူး ကျေးဇူးတင်စကားတွေပြောပြီးပြုံးပြနေခဲ့တာ...အဲ့ဒီကတ်ကြေးကလေ သူ့ကိုကြိုးတွေဖြည်ပေးတုန်းက ကျွန်တော်သုံးခဲ့ပြီး ကုတင်ဘေးမှာချထားမိခဲ့တာ...ပြီးတော့ သူ့ကိုသကြားလုံးသွားခိုးကျွေးတာလူတွေသိသွားမှာစိုးလို့ ကောကောကို ကျွန်တော်ဗိုက်အောင့်ပြီးအန်ချင်တယ်လို့လိမ်ခဲ့သေးတယ်...အင့်..."

"ကလေး မငိုပါနဲ့တော့ ကောဘာမှမဖြစ်ဘူး..."

ကိုယ့်ကိုယ်ကိုအပြစ်တင်နေသည့်ရှောင်းကျန့်ကို လီရှင်းခေါင်းလေးပွတ်သပ်ပေး၍နှစ်သိမ့်နေသည်။ထိုမြင်ကွင်းကို ရုံးခန်းထောင့်တစ်နေရာ၌ သောက်စရာများပြင်ဆင်နေသော ကလိုဝီလှမ်းကြည့်မိလိုက်​၏။

သူနှင့်လီရှင်းအတွက် လက်ဖက်ရည်နှစ်ခွက်ပြင်ဆင်လိုက်သည့် ကလိုဝီက ရှောင်းကျန့်အတွက်သူတို့နှင့်မတူစွာနွားနို့တစ်ခွက်ပြင်ဆင်လိုက်သည်။ထို့နောက် အနောက်ကိုတစ်ချက်လှည့်ကြည့်၍ လူမမြင်နိုင်သည့်အခိုက်အတန့်၌ သူ့အပေါ်ရုံကုတ်အင်္ကျီထဲမှဆေးဘူးလေးတစ်ခုကိုထုတ်လိုက်ကာ အထဲမှဆေးအဖြူရောင်နှစ်လုံးကို နွားနို့ခွက်ထဲသို့ထည့်လိုက်​၏။

Behind A Burning Willow TreeWhere stories live. Discover now