အပိုင်း(၁၈) Unicode

1.2K 142 6
                                    

ကက်တိုဗစ်ခ် (Kaktovik) , Alaska။

Alaska တွင်ရောက်ရှိနေသည်မှာ ငါးရက်ခန့်ရှိပြီဖြစ် သည့် ဝမ်ရိပေါ်နှင့်ရှောင်းကျန့်တို့​၏နောက်ထပ်ခရီးစဉ်သည်ပိုလာဝက်ဝံများရှိရာ ကတ်တိုဗစ်ခ်ဒေသတွင်ဖြစ်​၏။ ယခုခရီးစဉ်တွင် ဝမ်ရိပေါ်၊ ရှောင်းကျန့်နှင့်ဂျွန်သုံးဦးတည်းသာပါဝင်ပြီး ပိုလာဝက်ဝံများကြည့်ရှုရန်အတွက် စက်လှေငှားရမ်းခြင်းကိစ္စများကို ဂျွန်ဆောင်ရွက်လို့နေ​သည်ကြောင့် ဝမ်ရိပေါ်နှင့်ရှောင်းကျန့်တို့နှစ်ဦးသားစောင့်ဆိုင်းလို့်နေ​၏။

မကြာခင် စက်လှေတစ်စင်းနှင့် နယ်ခံတစ်ဦးကိုGuide အဖြစ်ရရှိခဲ့ကာ စက်လှေသည် စတင်ထွက်ခွာလို့လာခဲ့​သည်။ဆောင်းရာသီမဟုတ်သည့် ဩဂုတ်လလယ်ဖြစ်သော်လည်း မြောက်ဝင်ရိုးစွန်းနှင့်နီးသည့်နိုင်ငံတစ်ခုဖြစ်သည်ကြောင့် ပျမ်းမျှအပူချိန် (၃-၉)ဒီဂရီခန့်သာရှိသည့်အရပ်၌ စက်လှေ​၏အရှိန်သည်အအေးဒဏ်ကိုပို၍မြင့်တင်ပေးလိုက်သလိုဖြစ်​၏။

"ကိုယ့်လက်ကို ကိုင်ထား Bae..."

"မကိုင်ဘူး..."

ဝမ်ရိပေါ်နောက်တစ်ခေါက်ထပ်မမေးတော့ဘဲဝတ် ထားသည့်ကုတ်အင်္ကျီကိုကြယ်သီးများဖြုတ်ကာရှောင်းကျန့်​၏အနောက်ဘက်တွင်နေရာယူ၍ရှောင်းကျန့်​၏တစ်ကိုယ်လုံးကိုရင်ခွင်ထဲလုံခြုံလို့သွားအောင်သိုင်းဖက်လိုက်​သည်။ရှောင်းကျန့်လှည့်ကြည့်အခါဝမ်ရိပေါ်ပြန်ငုံ့ကြည့်၍...

"ကိုယ့်လက်ကို မကိုင်ချင်ဘူးဆိုလို့လေ..."

ရှောင်းကျန့်အရှေ့သို့ပြန်လှည့်သွားသည်။ ကျောပြင် ပေါ်၌ဖြစ်တည်နေသောရင်ခွင်ကျယ်​၏နွေးထွေးမှုကို တငွေ့ငွေ့ခံစားလို့နေရင်း အမြင်အာရုံထဲဝင်လာသည့် ပိုလာဝက်ဝံသုံးကောင်​၏မှိန်ပျပျပုံရိပ်ကြောင့်ဝမ်ရိပေါ်​၏တည်ရှိမှုကိုပင်မေ့လျော့လို့သွားကာ...

"ဟိုမှာ...ဟိုမှာ..."

ရင်ခွင်ထဲကနေလှစ်ကနဲပြေးထွက်လို့သွားပြီးစက်လှေဘောင်နားကပ်၍ ပိုလာဝက်ဝံများရှိရာသို့လက်ညိုးထိုးပြီးအားတက်တရောပြောနေသည့် ရှောင်းကျန့်ကိုဝမ်ရိပေါ်ပြုံး၍ကြည့်နေမိသည်။ စိန်တုံးလေးများပွင့်နေသကဲ့သို့ တလက်လက် ဖြစ်နေသည့်မျက်ဝန်းလေးများကိုဝမ်ရိပေါ်ငေးစိုက်မိနေရင်း ဂျွန်​၏လက်ထဲကိုင်ထားသောကင်မရာကိုလှမ်းတောင်းလိုက်သည်။

Behind A Burning Willow TreeWhere stories live. Discover now