"Darling..."
"Darling..."
မနက် ၇ နာရီထိုးချိန်၌ အခုထက်ထိအိပ်မောကျနေဆဲဖြစ်သောဝမ်ရိပေါ်ကိုရှောင်းကျန့်လေသံတိုးတိုးလေးဖြင့်နှိုးလို့နေ၏။
"Darling...! "
သုံးလေးခေါက်ခေါ်လည်းဝမ်ရိပေါ်နိုးလာခြင်းမရှိသည့်အခါ ရှောင်းကျန့်စိတ်အလိုမကျစွာဖြင့်ဝမ်ရိပေါ်၏ရင်ဘတ်ကိုလက်ဖဝါးနဲ့ရိုက်ချလိုက်သည်။ဝမ်ရိပေါ်ကျိန်းစပ်သွားသည့်သူ့ရင်ဘတ်ကိုလက်နဲ့ဖွဖွပွတ်သပ်ကာမျက်လုံးပွင့်လာပြီးအပြုံးရေးရေးဖြင့် ရှောင်းကျန့်၏ပါးပြင်လေးကိုမနာအောင်ညှစ်ဆွဲလိုက်သည်။ထိုအခါရှောင်းကျန့်ကဝမ်ရိပေါ်၏လက်ကိုပုတ်ထုတ်လိုက်ရင်း...
"ဒီလောက်ခေါ်နေတာကိုဘာလို့မနိုးတာလဲ..."
"Bae ပထမဦးဆုံးခေါ်ကတည်းက ကိုယ်နိုးပါတယ်..."
"အဲ့တာဆိုဘာလို့မထတာလဲ..."
"Bae ရဲ့ ခေါ်သံတိုးတိုးလေးကို အသည်းယားလို့..."
ဝမ်ရိပေါ်ပြောပြီး ရှောင်းကျန့်ကိုသူ့ကိုယ်ပေါ်သို့ဆွဲချကာကျစ်နေအောင်ဖက်ထားလိုက်သည်။မျက်လုံးများကိုပြန်မှိတ်၍မနက်ခင်းကိုယ်ငွေ့နွေးနွေးလေးကိုခံစားနေရင်း ရှောင်းကျန့်ကအသက်ရှူခက်၍တွန်းနေသည့်အခါအလွှတ်မပေးဘဲ...
"ခဏလေးလေ Bae...ငါးမိနစ်လောက်ပဲ..."
"Darling ပဲကမ်းခြေသွားကြမယ်လို့ပြောထားပြီးတော့...ငါက ညနေ နေမဝင်ခင်ဟိုကိုရောက်ရင်ညနေဆည်းဆာကိုကြည့်ပြီး dinner စားချင်တာ..."
"....."
"ပြန်အိပ်မပျော်သွားနဲ့တော့လေ...ကျစ်..."
ရှောင်းကျန့်စိတ်မရှည်တော့သည့်အဆုံး ဝမ်ရိပေါ်၏လက်များကြားမှအတင်းရုန်းထွက်လိုက်ကာဝမ်ရိပေါ်ကိုအိပ်ရာပေါ်မှအတင်းဆွဲချသည်။သို့သော်ဝမ်ရိပေါ်ကစနောက်ချင်သည့်သဘောဖြင့်တောင့်ခံထားသည်ဖြစ်ရာအားမမျှသည်ကြောင့် ဝမ်ရိပေါ်၏ကိုယ် ပေါ်သာရှောင်းကျန့်ပြန်လဲကျသွားသည်။
"Darling ကလည်း ထပါတော့ဆို..."
တိုက်စစ်ပြောင်းကာဝမ်းနည်းနေသည့်အသံလေးဖြင့်ပြောလို့လာသည့်ရှောင်းကျန့်ကြောင့်ဘယ်လိုမှပြန်အိပ်ဖို့မဖြစ်နိုင်တော့သည့်ဝမ်ရိပေါ်ကအိပ်ရာထက်တွင်ငုတ်တုတ်ထထိုင်လိုက်၏။ရှောင်းကျန့်၏ခါးကိုလက်နှစ်ဖက်ဖြင့်ယှက်တွယ်ကာ ပုခုံးပေါ်မေးတင်လိုက်၍...
![](https://img.wattpad.com/cover/336679906-288-k749539.jpg)