အပိုင်း(၁၇) Unicode

1.8K 195 17
                                        

လခြမ်းကွေးလေးပေါ်မှာထိုင်ပြီး ငါးမျှားချိတ်နဲ့သမုဒ္ဒရာထဲက ကြယ်ငါးလေးတွေကိုမျှားချင်တယ်။
____________   _____________

ရှောင်းကျန့်သူ့လက်ထဲကဖုန်းလေးဖြင့် အရှေ့က private jet ကိုဓာတ်ပုံတဖျတ်ဖျတ်ရိုက်လို့နေသည်။မျက်လုံးလေးများကလည်းအရောင်တလက်လက်ဖြစ်လို့နေပြီး သူရိုက်ထားသမျှပုံများအား လီရှင်းဆီသို့အကုန်လှမ်းပို့ပေးလို့နေ​၏။

"ကောကော ဒီမှာကြည့်...ကျွန်တော်ဒါကြီးစီးပြီး Alaska သွားမှာ...ဝမ်ရိပေါ်လိုက်ပို့တာပျော်စရာကြီးနော်..."

ဓာတ်ပုံများပို့ပေးရုံနဲ့အားမရသည့်ရှောင်းကျန့်က လေယာဉ်ပတ်ပတ်လည်ကိုလျှောက်၍ ပြုံးရွှင်နေသည့်သူ့မျက်နှာလေးပါ ပါဝင်သော ဗီဒီယိုလေးကိုလည်းလှမ်းပို့လိုက်သေး​၏။

တစ်ဖက်ကအလုပ်ရှုပ်နေသည်ကြောင့်ပြန်စာများမရောက်လာမှန်းရှောင်းကျန့်သိပေမယ့်သူ့ဘက်ကပဲအဆက်မပြတ်ပို့ပေးလို့နေတာဖြစ်​၏။ပို့ချင်တာတွေပို့လို့ဝသွားသည့်အခါမှာတော့ "ပြန်လာရင်ကောကောအတွက်လက်ဆောင်တွေအများကြီးဝယ်လာပေးမယ်"ဆိုသည့်စာလေးတစ်စောင်နှင့်အဆုံးသတ်လိုက်​၏။

"Bae..."

အနောက်ကခေါ်သံကြောင့် ရှောင်းကျန့်လှည့်ကြည့်လိုက်သည့်အခါတစ်နေရာတည်းကိုပဲအချိန် တော်တော်ကြာစိုက်ကြည့်မိသွား​၏။လေယာဉ်ဘေးသို့ဂျွန်နှင့်အတူလျှောက်လာသည့်ဝမ်ရိပေါ်ကပုံမှန်ဝတ်နေကျအတိုင်းဝတ်စုံပြည့်ဖြင့်မဟုတ်ဘဲ အနက်ရောင်ရှပ်လက်တိုနှင့်ဒူးအထိဖုံးသည့်အနက်ရောင် ဘောင်းဘီတိုကိုဝတ်လို့ထား​၏။နဂိုအနောက်သို့အမြဲတမ်းကျော့မော့အောင်လှန်တင်ထားတတ်သောဆံပင်များကလည်း သဘာဝဆန်ဆန်ဖြင့်နဖူးပေါ်ဝဲကျနေသေးသည်။

"ဘာဖြစ်လို့လဲ..."

မျက်စိရှေ့တွင်လက်ဖြောက်တီးပြီးမေးလိုက်သည့်ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်အာရုံလွှဲလိုက်ပြီး...

"ဂျွန်ကအရမ်းကြည့်ကောင်းလို့ကြည့်နေတာ..."

ပြောပြီးသည်နှင့် လေယာဉ်ပေါ်သို့ရှောင်းကျန့်ပြေးတက်သွား​သည်။တကယ်ပင်အသက် ၄၀ စွန်းစွန်းရှိပြီဖြစ်သည့်ဂျွန်က စပို့ရှပ်နက်ပြာရောင်နှင့်ဂျင်းဘောင်းဘီတို့ကိုတွဲဖက်ဝတ်ဆင်ထားလျက်လူငယ်တစ်ဦးကဲ့သို့ ခန့်ညားကြည့်ကောင်းနေတာဖြစ်သည်။ဒါတွေကိုဝမ်ရိပေါ်ဂရုမစိုက်မှန်းသိသော်လည်း ဂျွန် လိုရမယ်ရဖြေရှင်းချက်တချို့ပေးလိုက်သည်။

Behind A Burning Willow TreeWhere stories live. Discover now