အပိုင်း(၂၅) Unicode

1.2K 172 7
                                    

လွန်ခဲ့သည့် ၁၂ နှစ်။အီတလီနိုင်ငံ၊ ရောမမြို့။

အထက်တန်းကျောင်းတစ်ခု​၏ပန်းချီဌာနတွင် ပန်းချီနည်းပြတစ်ဦးသည် သူ့စားပွဲပေါ်မှ နှစ်ပေပတ်လည်ပန်းချီကားချပ်များအားတစ်ခုချင်းစစ်ဆေးကြည့်ရှုနေ​၏။ ပြီးခဲ့သည့်အပတ် အတန်းဝင်ခဲ့စဉ်က "ပျော်ရွှင်မှု (Happiness) ဆိုသည့်ခေါင်းစဉ်အောက်တွင် သူ​၏ ကျောင်းသားများအား ပန်းချီဆွဲလာဖို့အိမ်စာပေးခဲ့ခြင်းဖြစ်​၏။

ကျောင်းသားအများစု​၏လက်ရာများသည်ပရော်ဖက်ရှင်နယ်တစ်ဦးကဲ့သို့ စည်းစနစ်မကျသေးသော် လည်း ပေးလိုက်သည့်ခေါင်းစဉ်နှင့်ကိုက်ညီစွာ ဆွဲလာနိုင်သည်ကြောင့် ပန်းချီနည်းပြမှာကြည့်ရင်းခေါင်းတညိတ်ညိတ်ဖြစ်လို့နေသည်။

ပျော်ရွှင်မှုဆိုသည့်ခေါင်းစဉ်အောက်တွင် ကျောင်းသားတိုင်းလိုလိုရေးဆွဲလာကြသည်မှာ သူတို့မိသားစုနှင့်ညစာစားပုံများ၊ ညီအစ်ကိုမောင်နှမများနှင့်ကစားကွင်း၌ဆော့ကစားနေကြပုံများ၊ အီစတာပွဲတော်၊ ခရစ္စမတ်ပွဲတော်များ၌ အပေါင်းအသင်းအမျိုးအဆွေများနှင့် ပျော်ရွှင်နေကြပုံများစသည်တို့ကိုပီပီသသရေးဆွဲခဲ့ကြသည်ကြောင့်ပန်းချီထဲမှကြည်နူးဖွယ်ရာပုံရိပ်များသည်ပန်းချီနည်းပြဆရာအား တပြုံးပြုံးဖြစ်စေ​၏။

ပန်းချီစာရွက်လေးများကိုတစ်ခုချင်းပြုံး၍ကြည့်နေသည့် ပန်းချီနည်းပြသည် တစ်ခုသောပန်းချီစာရွက်ကိုကြည့်လိုက်သည့်အခါ အပြုံးတို့ချက်ချင်းပျောက်ကွယ်လို့သွား​၏။

အသက် ၁၆ ၊ ၁၇ အရွယ်အထက်တန်းကျောင်းသားတစ်ဦး​၏လက်ရာဟုထင်မှတ်ဖွယ်ရာမရှိစွာ ပရော်ဖက်ရှင်နယ်ပန်းချီဆရာတစ်ဦးရေးဆွဲထားသည့်ပန်းချီကားတစ်ချပ်လိုအင်မတန်ပီပြင်ရုပ်ကြွလွန်းသည့်လက်ရာကြောင့် ပန်းချီနည်းပြအံ့ဩမင်သက်မိသော်လည်း ထိုပန်းချီကားထဲရှိပုံရိပ်များကို တစိမ့်စိမ့်စိုက်ကြည့်နေမိရင်း တစ်ကိုယ်လုံးရှိကြက်သီးများဖြန်းကနဲဖြစ်လို့သွား​၏။

ခဲတံဖြင့်ကောက်ကြောင်းပေးထားသည့် ပန်းချီကား​ထဲတွင် အပေါ်မှအရောင်ခြယ်ရန်အတွက်သုံးစွဲထားသည့် အရောင်များမှာ အနီရောင်၊အနက်ရောင်နှင့်အသားရောင်ဟူ၍ သုံးရောင်တည်းသာဖြစ်သည်။

Behind A Burning Willow TreeWhere stories live. Discover now