အပိုင်း(၃၇) Unicode

1.3K 163 12
                                    

မနက်မိုးစင်စင်လင်းပြီဖြစ်၍ လူမှုရေးသိတတ်သည့် ကလိုဝီက ဝမ်ရိပေါ်အိမ်ရှိအလုပ်သမားများနှင့်အတူမနက်စာဝိုင်းကူပြင်ပေးလို့နေ​၏။အလုပ်သမားများကဝိုင်းကူလုပ်ပေးစရာမလိုဘူးဟုတားမြစ်နေသော်လည်း တစ်ကိုယ်တည်းနေရတာကျင့်သားရနေ၍ ကိုယ့်မနက်စာကိုယ်ပြင်တတ်သည့်အကျင့်ကကလိုဝီထံ၌စွဲကပ်နေတာဖြစ်​၏။

အားလုံးပြင်ဆင်ပြီးသောအခါ သူနှင့်အတူမနက်စာစားရန် ရှောင်းကျန့်ကိုခေါ်ဖို့ ကလိုဝီ စားသောက်ခန်းထဲမှထွက်လာခဲ့​၏။ထိုစဉ်လှေကားအတက်အဆင်းနေရာ၌ ရှောင်းကျန့်နှင့်ဆုံ​၏။ ရှောင်းကျန့်ကိုကလိုဝီကြည့်လိုက်သည်။

ရှောင်းကျန့်ကသားမွေးအနွေးထည်ကိုဝတ်ဆင်လို့ထားပြီး၊မာဖလာကိုလည်းဝတ်ဆင်လို့ထားကာ၊ ခေါင်းစွပ်၊ လက်အိတ်စသည်တို့ကိုလည်းဝတ်ဆင်လို့ထားခြင်းဖြစ်​၏။ထိုအခါ ကလိုဝီသူ့ကိုယ်သူပြန်ကြည့်လိုက်သည်။သူ့ကိုယ်ပေါ်ကပေါ့ပေါ့ပါးပါး blouse တစ်ခုသည်မပူလွန်း၊မအေးလွန်းဖြစ်သည့်ဒီအိမ်​၏အပူချိန်နဲ့ကိုက်ညီတာဖြစ်​၏။

"ကျွန်တော်ဖျားနေတယ် ကလိုဝီ..."

မနေ့ကတစ်နေကုန်စကားတစ်လုံးပင်မပြောခဲ့သည့် ရှောင်းကျန့်ကပထမဦးဆုံးကလိုဝီကိုစကားစပြောခြင်းဖြစ်သည်။ရှောင်းကျန့်​၏နှာခေါင်းထိပ်လေးကနီရဲနေသည်။နှာသံရှတတလေးဖြင့်ပြောနေ၍လည်ချောင်းနာနေဟန်လည်းရှိသည်ကြောင့်ကလိုဝီအဖျားစမ်းကြည့်ရန်အတွက် ရှောင်းကျန့်​၏နဖူးကိုလက်ရွယ်လိုက်သည့်အခါ ရှောင်းကျန့်ကအနောက်သို့ဆုတ်သွားသည်။

ကလိုဝီနောက်တစ်ခေါက်ကြိုးစားသည်။ရှောင်းကျန့် ကအဖျားအစမ်းမခံဘဲ အနောက်သို့ထပ်ဆုတ်လိုက်​၏။ထိုအခါကလိုဝီနည်းနည်းတွေးဆဆလေးဖြစ်သွားပြီး အိမ်​၏အလုပ်သမားလေးတစ်ဦးအား...

"ဆေးသေတ္တာလေး ယူခဲ့ပါ..."

ကလိုဝီ​၏အပြုအမူကြောင့်ရှောင်းကျန့်မျက်မှောင်ကြုတ်လိုက်ပြီး...

"ဘာလုပ်မလို့လဲ..."

"ကျန့်ကျန့်ကို အဖျားတိုင်းပေးမလို့..."

Behind A Burning Willow TreeWhere stories live. Discover now