မနက် ၇ နာရီမတိုင်ခင်ကတည်းက ရှောင်းကျန့်တစ် ယောက် အိပ်ရာမှထလာ၍ ဆေးရုံရေချိုးခန်းထဲဝင် ကာရေချိုးသန့်စင်ပြီး သိမ်းဆည်းစရာရှိသည့်ပစ္စည်းများ၊ အဝတ်အစားများကိုသိမ်း၍အဝတ်အိတ်လေးထဲထည့်ကာ သူ့ကုတင်ထက်တွင် ငြိမ်ငြိမ်လေးပြန်ထိုင် နေသည်။မနက်စာစားဖို့စားသောက်ဆောင်ထဲသွားခိုင်းနေသည့်သူနာပြုအားသူ့အနီးသို့ခေါ်လိုက်ကာ...
"ဆေးရုံရောက်လာတဲ့နေ့တုန်းကသိမ်းထားတဲ့ကျွန်တော့်ရဲ့ဖုန်းလေးပြန်ပေးလို့ရပြီလားဟင်..."
တစ်နေရာရာကိုသွားဖို့အဆင်သင့်ဖြစ်နေပုံရသည့် ရှောင်းကျန့်ကို သူနာပြုလေးအကဲခတ်နေရင်းလူနာဆောင်အတွင်းသို့ မနက်ခင်း round လှည့်ဖို့ဆရာဝန်များရောက်လာကာ ရှောင်းကျန့်၏တာဝန်ခံဆရာဝန်ဖြစ်သည့် ကလိုဝီက ရှောင်းကျန့်ရှိရာသို့လျှောက် သွားပြီး...
"ဒီနေ့အစောကြီးနိုးနေတာလား ကျန့်ကျန့်..."
ရှောင်းကျန့်ခေါင်းညိတ်ပြလိုက်ပြီး...
"အင်း အိမ်ပြန်မလို့ မနက်အစောကြီးကတည်းက ရေထချိုးထားတာ...ဆေးရုံရောက်တာဒီနေ့နဲ့ဆိုရင်တစ်ပတ်ပြည့်သွားပြီလေ...နေ့လယ်ကျရင်ပြန်ရမှာလားဟင်..."
ကလိုဝီသူနဲ့အတူပါလာသည့် အဖွဲ့တူဆရာဝန်များနှင့်မျက်လုံးချင်းစကားပြောလိုက်၏။ပြီးမှ ရှောင်းကျန့် ဘက်သို့လှည့်၍ဖြောင်းဖြခြင်းများရောပြွန်းနေသည့် အသံနေအသံထားဖြင့်...
"ကျွန်မတို့အနေနဲ့ ကျန့်ကျန့်ကို ဆေးရုံမှာနောက်ထပ်ရက်နည်းနည်းလောက်ထပ်နေခိုင်းစေချင်သေးတယ်..."
ထိုစကားအဆုံးမှာကြည်လင်နေသည့်ရှောင်းကျန့်၏မျက်နှာ၌ရုတ်ချည်းဆိုသလို ခက်ထန်သည့်အရိပ်အယောင်များဖြတ်ပြေး၍သွား၏။ မျက်ဝန်းအိမ်ထဲ၌လည်းမကျေနပ်ခြင်းများရောယှက်နေကာ...
"ပြောတော့ တစ်ပတ်ပဲနေရမှာဆို..."
"ဟုတ်ပါတယ်...ဒါပေမယ့်..."
ကလိုဝီ၏စကားကိုရှောင်းကျန့်ကြားဖြတ်၍...
"ကျွန်တော့်မှာဘာပြဿနာရှိနေလို့ ဆေးရုံမှာရက်ရှည်နေရမှာလဲ အစကတည်းကဆေးရုံလာရမယ့်အကြောင်းလည်းမရှိသလို အရူးတွေကြားထဲမှာဆက်နေရဖို့လည်းအကြောင်းမရှိဘူး..."