ဒီတောင်ပေါ်ဒေသကိုရှောင်းကျန့်ရောက်နေသည်မှာ ၅ ရက်ရှိပြီဖြစ်သည်။သစ်ပင်များအုံ့ဆိုင်းနေသည့်တောင်ခြေတွင်ဆောက်လို့ထားသည့်တစ်ထပ်မြေဝိုင်းအိမ် လေးများသည် ရိုးရှင်းလွန်းသည့်ကျေးလက်သဘာဝကိုဖော်ကျူးလို့နေ၏။
အသိမိတ်ဆွေများ၊ ဆွေမျိုးများမရှိသော်လည်း သဘောကောင်းသည့်ကျေးလက်တောင်သူတောင်သားများက တောင်ယာလုပ်ငန်းများလာလေ့လာပြီးဒီဒေသတွင်အခြေချမည်ဟု ပြောထားသော လီရှင်းနှင့်ရှောင်းကျန့်ကိုဆွေမျိုးအရင်းအချာများအသွင်ဆက်ဆံကာနေရာထိုင်ခင်းများလည်းပေးထားခြင်းဖြစ်၏။ရှောင်းကျန့်တို့အနေနဲ့လည်း ပြန်လည်သိတတ်သည့်သဘောဖြင့် အိမ်ရှင်တို့အားစားစရိတ်တချို့ထောက်ပံ့ထားတာဖြစ်သည်။
အင်မတန်ခေါင်သည့်ဒေသဖြစ်သည့်အလျောက်လျှပ်စစ်မီးများတွင်တွင်ကျယ်ကျယ်မရှိဘဲအိမ်တိုင်းလိိုလိုဆိုလာမီးများသုံးစွဲပြီး၊ နေမသာသည့်နေ့များဆိုလျှင် မီးအိမ်များထွန်းညှိသုံးစွဲကြတာဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေးနှင့်လယ်ယာလုပ်ငန်းခွင်အတွက်ထိုဒေသ၌ ထော်လာဂျီများသုံးစွဲလေ့ရှိပြီးသုံးဘီးကားများသည်အမြင့်ဆုံးဖြစ်သည်ကြောင့် လီရှင်းယူလာသည့်ကားသည် ကလေးများအတွက်အထူးအဆန်းဖြစ်လို့နေ၏။
ထို့ကြောင့်တစ်ခါတစ်လေအိမ်ဝန်းလေးထဲ၌ရပ်ထားသည့်ကားအနီးသို့ ကလေးများကွက်ကြည့်ကွက်ကြည့်ဖြင့်လာရောက်ဆော့ကစားကြတာဖြစ်သည်။ထိုသို့အချိန်များတွင် ရှောင်းကျန့်တစ်ယောက်အလုပ်များရသည်။
"ကားနဲ့ဝေးဝေးသွားဆော့ကြနော်...အချွန်တွေနဲ့မခြစ်ရဘူး ဟုတ်ပြီလား...ကလေးတို့ကလိမ္မာတယ်... ကောကောပြောင်းဖူးလေးတွေပြုတ်ထားတာကျွေးမယ်နော်..."
ကားဘေးနားပတ်ဆော့နေကြသော ကလေး ၆ ယောက်က်ိုရှောင်းကျန့်သူ့အနားခေါ်လိုက်သည်။ပြောင်းဖူးစားချင်ကြသည့်ကလေးများက ရှောင်းကျန့်ရှေ့တွင်တန်းစီလိုက်ကြပြီး လက်လေးများဖြန့်ကာ တောင်းယူနေကြသည့်အခါ ရှောင်းကျန့်ဝေပုံကျတစ်ယောက်တစ်ဖူးစီပေးလိုက်၏။ပြောင်းဖူးတစ်ဖူးစီရသွားကြသည့်ကလေးများက ရှောင်းကျန့်နှင့်အတူတူဝိုင်းဖွဲ့ထိုင်စားနေကြရင်း...
