အိမ်ပြန်ရောက်တာကြာပြီဖြစ်သည့်လီရှင်းသည် အင်္ကျီပင်မလဲနိုင်သေးဘဲတိုက်ခန်း၏အိမ်ရှေ့ခန်းအလုပ်စားပွဲ၌ စားပွဲမျက်နှာပြင်ကိုစိုက်ကြည့်၍ ဆက်စပ်တွေးခေါ်နေသည်။
"အကြာကြီးထပ်မစောင့်ခိုင်းဖို့တော့မျှော်လင့်တယ်"
"ထပ်မစောင့်ခိုင်းဖို့တော့ မျှော်လင့်တယ်"
"ထပ်မစောင့်ခိုင်းဖို့"
အဲ့ဒီစကားထဲက "ထပ်" ဆိုသည့်စကားလုံးက အကြိမ် အရေအတွက်ပြအညွှန်းကိန်းတစ်ခု။
ဥပမာ-"ထပ်ပြောသည်"ဟုဆိုလျှင် "အရင်ကပြောဖူးခဲ့သည့်အရာကိုနောက်တစ်ကြိမ်ပြောသည်"ဟုအဓိပ္ပာယ်ရသည်။"ထပ်လုပ်သည်"ဟုဆိုလျှင် "အရင်ကလုပ်ခဲ့ဖူးသည့်အရာကိုနောက်တစ်ကြိမ်လုပ်သည်"ဟုအဓိပ္ပာယ်ရသည်။
ထိုနည်းလည်းကောင်း "ထပ်မစောင့်ခိုင်းဖို့ " ဆိုသည့်စကားသည်..."အရင်ကတည်းကစောင့်နေခဲ့ဖူးသည်" ဆိုသည့်အဓိပ္ပာယ်မျိုးပေလား၊ ဒါမှမဟုတ်တစ်တောက်လျှောက်လုံးစောင့်နေခဲ့ရခြင်းကြောင့်နောက်ထပ်မစောင့်ခိုင်းတော့ဖို့ရည်ညွှန်းခြင်းမျိုးလား။
ထို့အပြင် "အတူတူလာနေမလား"ဆိုသည့်သမားရိုးကျမဟုတ် သော အကြွေးဆပ်ခိုင်းခြင်းမျိုး။ပြန်လိုချင်သည့်အရာက ငွေကြေးမဟုတ်ခဲ့ဘူးဆိုလျှင်ဘီလီယံနှင့်ချီတဲ့ငွေကြေးပမာဏကို ထုတ်ချေးပေးခဲ့သည့်မူလရည်ရွယ်ချက်ကဘာလဲ။
ယုတ္တိမရှိလွန်းပေမယ့်သားဖြစ်သူကိုလိုချင်တာကြောင့်အဖေဖြစ်သူကိုအကြွေးနွံထဲနစ်မွန်းအောင်ကြံစည်ခဲ့ခြင်းလားဟုတွေးမည်ဆိုရင်လည်းသက်သေဟာဘယ်မှာလဲ။အကြွေးကိစ္စနဲ့လူသတ်မှုကရော ဆက်စပ်နေမှာလား။အဲ့လိုလည်းမဟုတ်သေးဘူး။
ဘာအငြိုးတွေမှမရှိဘဲ လူတစ်ယောက်ကိုရယူချင်ရုံနဲ့ မိသားစုဝင်တွေကိုသတ်ပစ်လိုက်နိုင်လားဟုတွေးကြည့်လိုက်တော့ တကယ်ကိုရူးကြောင်ကြောင်နိုင်သည်။ထိုလူ့အနေအထားနဲ့လူတစ်ယောက်ကိုလိုချင်ရင် ဗြောင်ကျကျယူလိုက်နိုင်တာပဲ။
နောက်တစ်ခု။အိမ်ရှေ့မျက်နှာစာနံရံပေါ်က ဝင့်ဝင့်ကြွားကြွား ၂၃၀ မီလီယံတန်ဖိုးရှိသည့်ပန်းချီကား။အကယ်လို့များ အရင်ရောင်းထွက်ခဲ့ဖူးသည့် ပန်းချီကားတွေအားလုံးကို ဝယ်ယူခဲ့သူက ထိုသူတစ်ယောက်တည်းဖြစ်နေရင်ရော။အဲ့တာဆိုရင် အနီးစပ်ဆုံးအဖြေကလူတစ်ယောက်ကိုဘဝတစ်တောက်လျှောက်လုံးတိတ်တဆိတ်လိုက်Stalk ခဲ့ခြင်းဆိုတာမျိုး။