[AN: Distressing Content Alert! ကျော်ဖတ်သွားလို့ရပါသည်။ဒီလို content တွေထဲက နောက်ဆုံး content ဖြစ်လို့ ဖတ်မည့်သူများအတွက်လည်းစိတ်အနှောင့်အယှက်အရမ်းမဖြစ်စေရန် သဘောတရားပါရုံလေးအကြမ်းဖျင်းသာရေးထားပါသည်။အထူးသဖြင့် စာဖတ်သူများထဲမှာမိခင်များပါဝင်ခဲ့သည်ရှိသော်စိတ်အနှောင့်အယှက်မဖြစ်စေလိုပါ။]
______________ _____________"အ...ကျွတ်...ကျွတ်..."
နေ့လယ် ၂ နာရီခန့်အချိန်၌ရှောင်းမီနာတစ်ယောက်သူ၏ဝမ်းဗိုက်ကိုကိုင်ထားပြီးခပ်တိုးတိုးညည်းညူသံပြုနေသည်မှာနာရီဝက်ခန့်ရှိပြီဖြစ်၏။မနေ့ကတည်းကနာကျင်ကိုက်ခဲမှုများရှိသော်လည်းသိပ်မကြာဘဲရံဖန်ရံခါပြန်ပျောက်သွားတတ်ခြင်းဖြစ်ပြီးအခုတစ်ခေါက် ကိုက်ခဲနေမှုကပြန်ပျောက်သွားခြင်းမရှိတာဖြစ်၏။
နာကျင်မှုကိုအသံမထွက်ရဲသည့်ရှောင်းမီနာကအောက်နှုတ်ခမ်းကိုကိုက်လို့ထားကာစိုးရိမ်မှုကြောင့်အသက်ရှူသံများလည်းမြန်လို့နေ၏။ကိုးလလွယ်ဆယ်လဖွားဟုသူသတ်မှတ်ခဲ့သော်လည်း ယခုရှစ်လပဲရှိသေးသည့်ကိုယ်ဝန်က ရုတ်တရက်အကြာကြီးထိုးကိုက်လာသည့်အခါ လမစေ့ဘဲမွေးမှာကြောက်ရွံ့မိခြင်းကြောင့်ဖြစ်၏။
အကယ်၍သူစိုးထင့်နေသည်သာမှန်ကန်လာမည်ဆိုလျှင် ဒီလိုအနေအထားဒီလိုပတ်ဝန်းကျင်မျိုးမှာ သူ၏ပထမဦးဆုံးရင်သွေးကိုမည်သို့မွေးဖွားရမည်နည်းဆိုသည့်စိုးရိမ်စိတ်တို့က ကိုက်ခဲနေမှုကိုပို၍ဆိုးရွားလာစေတာဖြစ်၏။ပြီးတော့သူ့နားထဲထပ်ခါထပ်ခါကြားယောင်နေသည်က"ဒီပန်းချီကားတွေထဲကလို မမကိုလုပ်မှာ"ဆိုသည့်ရှောင်းကျန့်၏ရယ်သံညင်းညင်းလေးများဖြင့်ပြောထားသည့်စကားသံများဖြစ်၏။
"အ..."
အသံထွက်မည်စိုး၍ အောက်နှုတ်ခမ်းကိုပြတ်ထွက်လုမတတ်ကိုက်ပြီးထိန်းချုပ်လို့ထားသည့်ရှောင်းမီနာကနံရံထက်ကပန်းချီကားများကိုတစ်ချက်မော့ကြည့်မိရင်း ဆစ်ကနဲဖြစ်လာသောဆိုးဆိုးရွားရွားနာကျင်မှုကြောင့် အသံထွက်မိသွား၏။နောက်ထပ်နာရီဝက်ခန့်ကြာသည့်အခိုက် ခန္ဓာကိုယ်အောက်ပိုင်း၌ စိုစွတ်ခြင်းကိုရှောင်းမီနာခံစားလိုက်ရ၏။