"ကျန့်ကျန့်ရဲ့ Darling ရောက်လာပြီဟေ့...!!! "
ရှောင်းကျန့်ရှိရာလူနာဆောင်ကို ဝမ်ရိပေါ်ကျောင်းကပြန်လာတိုင်းလာလည်သည့်အခါရှောင်းကျန့်ထက် ပျော်နေတတ်သူများမှာ လူနာဆောင်တွင်းရှိအခြားသောလူနာများပဲဖြစ်၏။နောက်ပိုင်းဝမ်ရိပေါ်ကသူလာလည်သည့်အချိန်တိုင်း ရှောင်းကျန့်တစ်ဦးတည်းအတွက် မုန့်များဝယ်လာပေးခြင်းမဟုတ်ဘဲ၊ အခြားလူများအတွက်ပါဝယ်လာပေးခြင်းကြောင့်ဖြစ်၏။
ထိုအခြင်းအရာမှာကလိုဝီ၏အကြံပေးမှုဖြစ်ပြီးရှောင်းကျန့်ကို anti social မဖြစ်အောင်၊ အားလုံးနဲ့လိုက် လျောညီထွေသင့်မြတ်မှုရှိအောင်၊ အခြားသောလူနာများ၏ချစ်ခင်မှုကိုရအောင်စသည့်ရည်ရွယ်ချက်များကြောင့်ပင်ဖြစ်သည်။
ဝမ်ရိပေါ်ရောက်လာသည့်အခါ ရှောင်းကျန့်ကို အချိန်ပြည့်စောင့်ကြည့်ပေးနေသည့်လူလည်း ဝမ်ရိပေါ်၏ ခွင့်ပြုချက်အရခဏတဖြုတ်အနားယူဖို့ လူနာဆောင်အတွင်းမှထွက်ခွာလို့သွား၏။
မုန့်များပါဝင်သည့်အိတ်ကြီးအိတ်ငယ်အသွယ်သွယ် ဆွဲလာသောဝမ်ရိပေါ်နှင့် ဂျွန်ကိုရှောင်းကျန့်မျက်လုံးတစ်ချက်လှန်ကြည့်လိုက်သည်။ဝမ်ရိပေါ်ကို သူ့လိုလိုက်ပြီး "Darling" ဟုခေါ်နေကြသည့်အခြားသောလူနာများကိုလည်းမျက်စိစွေကြည့်ပြီး မျက်စောင်းထိုးလိုက်၏။ပြီးလျှင် ဝမ်ရိပေါ်လက်ထဲရှိအိတ်ထဲမှ ချောကလက်ဘူးနှင့်သကြားလုံးများကိုဖျတ်ကနဲယူလိုက်ကာ အိတ်ကိုဖောက်လိုက်ပြီး...
"အားလုံးတန်းစီကြ...မုန့်ဝေပေးမယ်...ပြီးရင်ငါတို့နဲ့ဝေးဝေးမှာသွားနေ..."
ရှောင်းကျန့်စကားကြောင့် လူနာများပြုံးရွှင်လို့သွားပြီး ရှောင်းကျန့်ကုတင်အရှေ့တွင်တန်းစီလိုက်၏။ထိုအခါ ရှောင်းကျန့်က တစ်ယောက်ကို အနည်းဆုံးသုံးခုခန့်ဝေပေးလို့နေကာ လူနာတစ်ဦးအလှည့်ရောက်သည့်အခါ၌ မပေးချင်ပေးချင်ပုံမျိုးဖြင့် သကြားလုံးတစ်လုံးသာပေးလိုက်သည်ကြောင့် ထိုလူနာက...
"သူတို့ကိုကျတော့ သုံးခုပေးပြီး ငါ့ကိုကျဘာလို့ တစ်ခုပဲပေးတာလဲ..."