အခန်း ၁၃၉။ မင်းရဲ့marriage certificate ကို အရင်ယူထားပါ။
"မေဒေးလောက်လား.."
ကျန်းဟွားရှန်နှင့် လင်ရှောင်ထျန်းတို့ တစ်ခဏမျှ အချင်းချင်းကြည့်လိုက်ကြပြီး အပြန်အလှန်နားလည်မှုဖြင့် ခေါင်းညိတ်လိုက်ကြသည်။"ကောင်းတယ်။ မျှော်လင့်ထားတာထက် နှစ်လနောက်ကျပေမဲ့ မင်းတို့အကြောင်းပြချက်က သင့်တော်တယ်။ အခုချိန်ကတအားအေးနေတာတော့ တစ်ကယ်မသင့်တော်ဘူး။ ဒီတော့ ကျစ်ယန်... လက်မထပ်ခင် ပျားရည်ဆမ်းခရီးထွက်ချင်လား"
စုကျစ်ယန် ခေါင်းညိတ်သည်။
"ဟုတ်ကဲ့။ ဒီလိုလုပ်တာပိုကောင်းပါတယ်။ ပြင်ဆင်ဖို့တအားကြီး မလိုဘူးပေါ့။ ကျွန်တော်တို့မိသားစုက ကျစ်ရွှမ်နဲ့ ကျစ်ဟောင်ကို ဂရုစိုက်ဖို့လညိးရှိသေးတယ်။ ရာသီဥတုလေးကောင်းသွားမှဆိုရင် ကလေးတွေလည်း သိပ်မပင်ပန်းတော့ဘူးပေါ့"
"ဘာပဲပြောပြော ခရီးထွက်ပြီးမှ လက်ထပ်မယ်ဆိုရင် လူတွေက မားတို့လင်မိသားစုရဲ့ ခေါင်းမာတဲ့ကောင်စုတ်လေးမှာ ပိုင်ရှင်ရှိတယ်ဆိုတာ သိကြမှာမဟုတ်သေးဘူး။ သားအပေါ် မတရားသလိုဖြစ်သွားရပြီ။ မားတို့တောင်းပန်ပါတယ်"
ကျန်းဟွားရှန်၏စကားကို လင်ရှောင်ထျန်းလည်း သဘောတူသည်။ လင်မိသားစုက သူ့အပေါ်ဘုရင်မတစ်ပါးလို ဆက်ဆံသော်လည်း 'မကျေနပ်ဘူးဟု တစ်ခွန်းမဆိုသော်လည်း ကျစ်ယန်ကြိ တစ်နှစ်ကျော်လောက် မတရားသဖြင့်ခံစားစေမိသည်' ဟုထင်နေဆဲပင်။လင်ထပ်ပွဲကို လူသိရှင်ကြားမထုတ်ပြန်ပါက ပြန်လည်ပြင်ဆင်လို့မရလောက်အောင် ကျစ်ယန်အပေါ် ပိုပြီးတရားသဖြင့် ဆက်ဆံမိသလို ဖြစ်နိုင်သည်မလား။
စုကျစ်ယန်ကတော့ နှစ်သိမ့်ဟန်ဖြင့်ပြုံးပြသည်။
"မား.... ကျွန်တော်မတရားသလို မခံစားရပါဘူး။ မားနဲ့ပါးက ကျွန်တော့်ကို သားအရင်းတစ်ယောက်ကိုချစ်ပေးကြတယ်လေ။ ပြီးတော့ ကျန်းရီကလည်း ကျွန်တော့်အပေါ် အရမ်းကောင်းတဲ့ဟာ။ ကျွန်တော်ပျော်တာပေါ့။ လက်ထပ်တယ်ဆိုတာက အခမ်းအနားပွဲတစ်ခုသက်သက်ပါပဲ။ ဒါ့အပြင် အမျိုးသားနှစ်ယောက် လက်ထပ်ဖို့ဆိုတာ... အခုနေ လူထုကိုချပြလိုက်ရင် မိသားစုရဲ့စီးပွားရေးနဲ့ ဂုဏ်သတင်းကို သက်ရောက်မှုရှိသွားစေမှာကို ကျွန်တော်နည်းနည်းတော့ စိုးရိမ်မိတယ်။ ဘာပဲဖြစ်ဖြစ် လက်ထပ်တယ်ဆိုတာက ကျွန်တော်နဲ့ ကျန်းရီကြား၊ ကျွန်တော့်မိသားစုကြားက အကြောင်းအရာလေ။ လုထုကိုချပြပြီး ဘာလို့အလုပ်ရှုပ်ခံနေမှာလဲ"
DU LIEST GERADE
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomantikDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...