အခန်း ၁၃၆။ အနည်းငယ်မျှသော ပျော်ရွှင်မှုလေး

1.7K 196 0
                                    

အခန်း ၁၃၆။ အနည်းငယ်မျှသော ပျော်ရွှင်မှုလေး

အချစ်၏ပုံစံငယ်ဟု ခေါ်တွင်ခြင်းသည် သဘာဝအားဖြင့် ထိန်းသိမ်းမှုမရှိဘဲ ပြင်းပြသော နည်းလမ်းတစ်ခုဖြစ်သည်။ အသက်ကြီးကြီး ဇနီးမောင်နှံတွေကဲ့သို့ ရေလိုအေးချမ်းတဲ့ဘဝမျိုး သူတို့မနေထိုင်နိုင်ခဲ့ပါဘူး။

ဒီပေါင်းသင်းဆက်ဆံရေးအပေါ် သူခံစားချက်ရှိသည်။ သူ ကြေးများတာမျိုးမရှိဘဲ အရူးအမူးဖြစ်သွားနိုင်သည်။ ဟန်မဆောင်နိုင်ဘဲ သူလုပ်ချင်တာမှန်သမျှ လုပ်နိုင်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ချစ်ရသူနှင့် ပေါင်းသင်းရသည့်အတွက် ဒါတွေအားလုံးဟာ ဘ၀၏သေခြင်း၊ ရှင်ခြင်းနှင့်ဆိုငိသည့် ကိစ္စမဟုတ်တော့ပေ။ အရာရာတိုင်းဟာ ပျော်ရွှင်မှုပေါ်မှာမူတည်‌နေသည်။

ဒီအကြောင်းတွေးရင်း စုကျစ်ယန်တစ်ယောက် စိတ်၀င်တစားဖြစ်လာသည်။

"ရီ... လမ်းလျှောက်ထွက်ရအောင်လေ"

စုကျစ်ယန်၏မျက်လုံးလေးများက ကြယ်ကလေးများနှယ် တောက်ပလို့နေသည်။ ဒီကောင်စုတ်လေး စိတ်၀င်စားစရာတစ်ခုခု တွေးမိပြီဆိုတာ သူမေး‌နေစရာတောင်မလိုပေ။ သူ့ခါးနဲ့ခြေထောက်တွေ နာနေတယ်လို့ ထပ်မခံစားရတော့ဘူးလား။

သို့သော်... ဟုတ်သည်။ သူ၏ညတုန်းက ကျေနပ်ခဲ့သည့် ခံစားချက်ကို သူဖိနှိပ်လိုက်သည်။ ထို့ပြင် သူ့ဇနီးလေး၏စကားကို သူနားထောင်ရုံသာ တတိနိုင်သည်လေ။ စုကျစ်ယန်သည် ပုံမှန်အတိုင်းပင် ရေချိုးခန်းသို့သွားကာ သွားတိုက်၊ မျက်နှာသစ်သည်။ ထို့အတူလင်ကျန်းရီလည်း လိုက်ပါလာကာ သန့်ရှင်းရေးလုပ်သည်။

စုကျစ်ယန်သည် လင်ကျန်းရီ၏လက်ကိုလွှတ်လိုက်ပြီး ဧည့်ကြိုကောင်တာဆီသွားလေသည်။ ထို့နောက် ဧည့်ကြိုမိန်းကလေးကို မေးမြန်းလိုက်သည်။

"မဂ်လာပါခင်ဗျ။ ဒီနား၀န်းကျင်မှာ စိတ်၀င်စားဖို့ကောင်းတဲ့ နေရာတွေဘာတွေ ရှိလားဟင်"

"..."

စုကျစ်ယန်၏ ရုတ်တရက်ဆန်သော စကားလုံးများက ဧည့်ကြိုမိန်းကလေးကို ရှုပ်ထွေးသွားစေသည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Donde viven las historias. Descúbrelo ahora