အခန်း ၁၉၆။ ဒီခံစားချက်တွေအကြောင်း မှန်မှန်ကန်ကန် မတွေးနိုင်ဝော့ပါ။

240 10 0
                                    

အခန်း ၁၉၆။  ဒီခံစားချက်တွေအကြောင်း မှန်မှန်ကန်ကန် မတွေးနိုင်ဝော့ပါ။

ကုဖုန်းဟာ ဒီလိုအချိန်မှာ သူ့ကိုခက်ခဲအောင်၊ မခံချိမခံသာဖြစ်အောင် အပြစ်တင်တာမျိုး မလုပ်ရက်ပါချေ။

သူလင်းခိုင်၏လက်မောင်းကို တွဲပေးရန်ကိုင်လိုက်ရာ ချွေးအေးများထွက်နေသည်ကို ခံစားလိုက်မိသည်။

ဒီကောင်လေးက ရည်ရွယ်ချက်ရှိရြှိဖင့် အလွန်အမင်းအားနည်းဟန် ဆောင်ထားလျှင်တောင်မှ တစ်ကယ်တမ်းမှာလည်း အနည်းငယ်တော့ အားနည်းနေသည်ပင်။

"ငါမင်းကို ချီသွားမယ်"

ကုဖုန်းဟာ ဒီလိုအကျပ်အတည်းဖြစ်နေသော အချိန်ကာလမှာ အခွင့်အရေးယူရန် လက်လွှတ်ပေးမည်မဟုတ်ပါချေ။

သူသည် ချီတုံချတုံပင်မဖြစ်ဘဲ ထိုင်ချလိုက်ပြီး လင်းခိုင်ကို အမြန်ကျောပိုးလိုက်သည်။ လင်းခိုင်လည်း ခါးသီးနေသော မျက်နှာနှင့်ပြောလာသည်။

"ကျွန်တော်ဒီလိုလိုက်လာမယ်ဆိုရင် ဗိုက်ကိုဖိထားသလိုဖြစ်ပြီး ပိုနာလာလိမ့်မယ်။ ဒါက ဒုတိယအကောင်းဆုံးနည်းလမ်းဆိုပေမဲ့ ရုတ်တရက်ကြီး ကျွန်တော်အောင့်မထားနိုင်တော့ရင် ဘယ်လိုလုပ်မလဲ"

"တော်တော်ပြဿနာများတာပဲ"

ကုဖုန်းထရပ်လိုက်ပြီး လင်းခိုင်ကိုကြည့်ရန် အနားတိုးကပ်သွားသည်။ နှစ်နှစ်တာကြာအပြီးမှာ ဒီကောင်လေးက အရင်ကထက် ပိန်ကျသွားပြီး သာမန်အမြင်ဖြင့်ဆိုပါက ပေါင်၁၃၀ကနေ ပေါင်၄၀သာရှိတော့သည်ဟု ထင်ရစေသည်။

တိုက်ရိုက်ဖက်လိုက်ချိန်မှာတော့... နည်းနည်းလေးအားစိုက်လိုက်သည်ဆိုရုံမျှနှင့် သယ်ပိုးရန် မခက်ခဲတော့ပေ။

ဒီတော့ ကုဖုန်းလည်း ချီတုံချတုံဖြစ်မနေတော့ပေ။ ကျောပိုးကာလျှောက်လာလိုက်သည်။

လင်းခိုင်မှာမူ သူ့ခြေထောက်များ ရုတ်တရက်မြေပြင်ကနေ လွတ်သွားတာကြောင့် တစ်စုံတစ်ယောက်က သူ့က်ုသတ်ဖြတ်ရန်ကြိုးစားနေသကဲ့သို့ စူးစူးဝါးဝါးအော်ဟစ်မိတော့သည်။

"ပါးစပ်ပိတ်"

လင်းခိုင် ခေါင်းလှည့်ကာ စူးစူးစိုက်စိုက်ကြည့်ပစ်လိုက်သည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]حيث تعيش القصص. اكتشف الآن