အခန်း ၁၃၇။ လမ်းဘေးကြော်ငြာဆိုင်းဘုတ်
အစတုန်းကတော့ သူတို့နှစ်ယောက်သည် စိတ်လှုပ်ရှားစရာ ချစ်သူရည်းစား mood ကို ခံစားလိုခြင်းဖြစ်သော်လည်း သွေးပူနေကာ အရူးဆန်ဆန်ဖြင့် အတွေ့အကြုံရှာရန် သည်ကိုရောက်ပြီးနောက်မှာတော့ လူရယ်ခံရမှာစိုးထိတ်လာမိသည်။
သို့သော် ဒီမြင်ကွင်းကိုမြင်ပြီးချိန်မှာတော့ သူတို့၏နှလုံးသားထဲမှ နုပျိုခြင်းများ ပေါ်ထွက်လာပေသည်။
တစ်ယောက်နှင့်တစ်ယောက် ပြုံးကြည့်လိုက်ပြီးနောက် စုကျစ်ယန်သည် အိတ်ကပ်ထဲမှသူ့လက်များကို အရင်ဆုံးထုတ်လိုက်သည်။
ထို့နောက် ကျန်လက်တစ်ဖက်ကို လူစုလူဝေးကြီးနှင့် ရောနှောရန်အလို့ငှာ လမ်းတစ်လျှောက်လုံး လင်ကျန်းရီကိုဆွဲခေါ်သွားရန် အသုံးပြုလိုက်သည်။
အနီးအနားကို လျှောက်သွားပြီးချိန်မှာတော့ ခေါင်းအစခြေအဆုံး လေနှင့်နှင်းဒဏ်ကိုကာကွယ်ပေးနိုင်သည့် နေရာတစ်ခုကို လျှင်မြန်စွာပင် ရှာတွေ့လိုက်သည်။ သူတို့ရှေ့မှာတော့ တန်းစီနေသည့်လူတန်းရှည်ရှိပါသည်။
လူတန်း၏ရှေ့ဆုံးမှ ညီအစ်မသုံးယောက်ကို စာရင်းရေးမှတ်ပြီးနောက် သူတို့စုံတွဲပါအပါအ၀င် ခြောက်ဦးကျန်သေးသည်။ဆိုင်လေး၏ပိုင်ရှင်ကလည်း စုံတွဲတစ်တွဲဖြစ်သည်။ မိန်းကလေးငယ်သည် သူမ၏ဆံပင်ကို ponytail ပုံစံစည်းထားပြီး customer များကို 'စောင့်နေစဉ်အတောအတွင်း ဓာတ်ပုံရိုက်လို့ရနိုင်ကြောင်း' ကို print ထုတ်ထားသော stickerများ ပေးရင်း ပြောပြနေသည်။
ကောင်လေးကတော့ မိန်းကလေးသုံးယောက် ဓာတ်ပုံရိုက်သည်ကို ကူညီပေးနေသည်။
ဆောင်းရာသီမို့ နှင်းများကျဆင်းနေဆဲဖြစ်သော်လည်း ဒီနေရာမှာတော့ နွေးထွေးမှုဟာရပ်တန့်၊ ကုန်ဆုံးမသွားပေ။
"ဇနီးလေး... ကိုယ်တို့လည်း အသက်တွေကြီးလာရင် အခြေချဖို့ ဒီလိုမြို့သေးသေးလေးကို ရှာကြမလား"
လူစီရာ၌ လင်ကျန်းရီကအနောက်မှဖြစ်ကာ စုကျစ်ယန်ကအရှေ့မှာရပ်သည်။ အနေအထားအရ လင်ကျန်းရီထံမှ ပွေ့ဖက်ခံထားရပြီး ထိုစကားလုံးများကို သူ့နားအနား ကပ်ပြောလိုက်တာဖြစ်သည်။ သူခေါင်းညိတ်လိုက်သည်။
VOUS LISEZ
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
Roman d'amourDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...