အခန်း ၁၉၂- သက်ရှိရတနာလေးနှစ်ဦး (အပိုင်းခွဲ-၂)

791 117 14
                                    

အခန်း ၁၉၂- သက်ရှိရတနာလေးနှစ်ဦး (အပိုင်းခွဲ-၂)

လင်ကျန်းရီသည် ဓာတ်ပုံများကို ထပ်ရိုက်လိုက်ပြီး ဓာတ်ပုံဘောင်အသစ်ဖြင့် ရလာပြန်သည်။ အိမ်မှာ တခြားဘာမှ မရှိဘူး။ ဒီလိုမျိုးက အသေချာဆုံးပဲ။

မစ္စတာကျန်းရီ၏ အမျိုးသားဇနီးက အကြီးတန်းဓာတ်ပုံဆရာဖြစ်နေတာကို ဘယ်သူသိပါသလဲ။ ဒါ့အပြင် သူတာ၀န်ယူ ရိုက်ကူးရမဲ့လူတွေက သူတို့ရဲ့ချစ်လှစွာသောကလေးများဖြစ်သည်။ ဒါက သူဘယ်တော့မှ မပျင်းရမယ့် ဝါသနာတစ်ခုပါပဲ။

အငြင်းပွားကြပြီးနောက် ကလေးနှစ်ယောက်သည် စကားများခြင်းကို ရပ်တန့်ကာ အရုပ်များကို ယူလာကြသည်။

နှစ်ဦးသား အိမ်ထဲမှာ ပြေးလွှားကစားနေကာ တစ်ခါတလေ အဘိုးအဘွားတွေ အခန်းကိုပြေးသည်။ တခါတရံ သူတို့ရဲ့ ကလေးထိန်းဆီကိုပြေးပြီး အများအားဖြင့် ဖြည်းညင်းစွာမဟုတ်ဘဲ အရှိန်ဖြင့်ပြေးကစားတာ များသည်။ တစ်ခါတစ်ရံတော့ လင်ကျန်းရီနှင့် စုကျစ်ယန်တို့၏ အိပ်ခန်းသို့သွားသည်။

ဘာလို့လဲဆိုတော့ သားလေးနှစ်ယောက်က ဒယ်ဒီနဲ့ ပါးပါးတို့အခန်းထဲမှာ စိတ်ဝင်စားစရာတွေကို မကြာခဏတွေ့နေရပြီး ဒယ်ဒီက အဲဒီအရာတွေကို အမြဲတမ်း စိတ်ပူနေတာကြောင့်ပါ။

သူတို့တွေ အဲဒါတွေကို ရှာတွေ့ပြီးသည်နှင့် ဒယ်ဒီတို့ နောက်တစ်ကြိမ် မတွေ့နိုင်စေရန် ဝှက်ထားပါမည်။

ဥပမာအားဖြင့် နောက်ဆုံးတစ်ကြိမ်တုန်းက ရတနာလေးနှစ်ယောက်သည် အိပ်ရာဘေးရှိစားပွဲကို မွှေနှောက်ခဲ့ကြပြီး လင်ကျန်းရီနှင့် စုကျစ်ယန်တို့၏ ပျော်ရွှင်သောဘဝ... တစ်နည်းအားဖြင့် 'ချောဆီ' ဘူးကို တွေ့ရှိခဲ့သည်။

အဲဒါက လင်ကျန်းရီ၏ နိုင်ငံခြားမှ တင်သွင်းသောထုတ်ကုန်တစ်မျိုးကို စုဆောင်းထားတာဖြစ်သည်။ စုစုပေါင်း ငါးဘူးဝယ်ခဲ့ပြီး ရတနာလေးနှစ်ယောက် တွေ့သွားသည့် ဒီတစ်ဘူးက နောက်ဆုံးဘူးဖြစ်သည်။

သူတို့ဟာ ဒီလိုကစားရတာ ပျော်စရာကောင်းသည်ဟု ခံစားမိပြီး အနံ့အသက်ကောင်းတစ်ခုလို့ ထင်နေတာကြောင့် ချက်ချင်းပဲသုံးလိုက်ကြ‌သည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Onde histórias criam vida. Descubra agora