အခန်း ၁၇၃။ သားကိုသွားကြည့်ခြင်း
တုန့်ချန်း၀မ် စကားပြောပြီးနောက် တစ်ဘက်လှည့်ကာ ထွက်သွားလိုခဲ့သည်။ စုယန်လည်း အမြန်ထကာ သူ့ဇနီးသည်ကိုပွေ့ဖက်ထားပြီး တောင်းပန်သည်။
"မိန်းမ... ကိုယ်သူ့ကို မငြင်းချင်ပါဘူး။ ကိုယ်အခု သူ့ကိုလက်ခံနိုင်ပါပြီ။ သားကကိုယ်တို့ကို လက်မခံမှာပဲ ကြောက်တာပါ"
"အဲဒါကတော့ ရှင့်ကိစ္စပဲလေ"
တုန့်ချန်း၀မ် ပခုံးတွန့်လိုက်သည်။
"ရှင်က တရားခံပဲဟာ။ သားကတော့ ရှင့်ကိုလက်ခံမှာမဟုတ်တာ ဖြစ်နိုင်တယ်။ ကျွန်မကတော့ နောက်ကျရင် ဘာတွေဘယ်လိုဖြစ်ခဲ့တာဆိုတာ မဖုံးကွယ်ဘဲ အမှန်အတိုင်းပြောလိုက်မှာပဲ။ သူကကျွန်မကိုတော့ လက်ခံဖို့ငြင်းဆန်မှာမဟုတ်ဘူး"
"မိန်းမ... စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ကွာ။ မိန်းမရေ... သားကမကြာခင် လက်ထပ်တော့မှာလေ။ မင်းရုတ်တရက်ကြီး အပြေးအလွှားရောက်သွားရင် သူ့အပျော်တွေကို ဖျက်ဆီးသလိုဖြစ်နေမယ်မလား"
စုယန်သည် သူ့ဇနီးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားပြီး လွှတ်ပေးရန်ငြင်းဆိုကာ ဖျောင်းဖျသည်။
"မိန်းမ... ကိုယ်သူ့ကို တစ်ကယ်လက်ခံချင်ပါတယ်။ အဲဒီ့အကြောင်း နှစ်တစ်၀က်လုံး ကိုယ်တွေးပြီးပြီ။ ဒါပေမဲ့ အခွင့်အရေးမရခဲ့ဘူး။ အဲဒီ့အချိန်တုန်းက ကျန်းရီကကိုယ့်ကို လှောင်ပြောင်နေခဲ့တာ။ သားဆီက အသိအမှတ်ပြုခံရဖို့ မရဲဝံ့ခဲ့ဘူး။ ကိုယ်ကသူ့ကို အသိအမှတ်မပြုချင်တာ မဟုတ်ရပါဘူး။ မိန်းမ... ဒေါသမထွက်ပါနဲ့။ သားကိုမင်းအသိအမှတ်ပြုချင်တယ်ဆိုရင် သွားကြတာပေါ့။ မင်းပြောတာ ကိုယ်နားထောင်မှာပါ။ ဟုတ်ပြီလား။ ကိုယ့်မိန်းမရေ... မငိးဘာပဲလုပ်စေချင်ချင် ကိုယ်လုပ်ပါ့မယ်။ ဒါပေမဲ့အခုတော့ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ဦး... နော်...။ မနက်ဖြန်ဆိုသားက လက်ထပ်တော့မှာ။ လက်ထပ်ပွဲမှာ ၀န်ခံလိုက်ရင် ဘာတွေဘယ်လိုဖြစ်ကုန်မလဲ ကိုယ်မသိဘူး။ အဲဒီ့တော့ အချိန်တစ်ခုလောက် စောင့်ရအောင်ပါ။ ဟုတ်ပြီလား။ လက်ထပ်ပွဲပြီးမှ ပြောရအောင်။ အခုတော့ သားရဲ့လက်ထပ်ပွဲကို မဖျက်ဆီးရအောင်ပါ။ နော်... မိန်းမရေ... မိန်းမရေလို့..."
YOU ARE READING
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...