အခန်း ၁၆၇။ wedding photo များရိုက်ကူးခြင်း
ယဲ့ရှော်သည် ယခုအချိန်မှာ ကျောင်းသားတစ်ယောက်သာဖြစ်သေးသော်လည်း မိသားစုဆီမှ ကန်ထုတ်ခံလိုက်ရပြီး ငွေလည်းအဖြတ်ခံထားရသည်။
သူ့ကျောင်းစားရိတ်ကို လော့ယန်ထောက်ပံ့ပေးနေရသည့်အပြင် ယခုဆို ထျန်းထျန်းကိုပါ မွေးစားခဲ့ကြသည်။ ထျန်းထျန်းကလည်း နောက်လအနည်းငယ်ဆို KG တက်လို့ရပြီဖြစ်သည်။
မိသားစု၏ထွက်ငွေက နဂိာတုန်းကထကိ ပိုများတော့မည်ဖြစ်သော်လည်း လော့ယန်ကဝောာ့ မစိုးရိမ်ပေ။
ငွေစုတာလည်း စုတာတစ်ပိုင်းဆိုပေမဲ့ သူကတော့ အာဟာရဖြည့်စွက်ခြင်းကဲ့သို့ လိုအပ်တဲ့နေရာမှာ သုံးလိုက်ပြီး ဘ၀ကိုပျော်ပျော်ဖြတ်သန်းရတာကို ပိုသဘောကျသည်။
ဘဏ်ထဲကစုငွေ ဘယ်လောက်ပဲရှိပါစေ။ အပြင်ကလူတွေ အာဟာရပြတ်လပ်နေရင် ငွေစုတာက ဘာများအသုံး၀င်မှာတဲ့လဲ။
ပြီးတော့ ယဲ့ရှော်ကိုယ်တိုင်လည်း အနည်းငယ်မျှ ဖိအားအောက် ကျရောက်နေသည်။ ဒီတော့ သူအရင်ကလောက် ကလေးမဆန်တော့ဘဲ ငွေရှာရန်နည်းလမ်းများကို တွေးတောနေလေပြီ။
ယဲ့ရှော်နှင့် လင်ရှောင်ထျန်းကြားမှ စကားဝိုင်းကို နားထောင်ရင်း ထိုကလေးသည် တက်ကြွကာ လုပ်နိုင်စွမ်းရှိသူဖြစ်သော်လည်း ပြည့်ပြည့်၀၀အသုံးမချတတ်ကြောင်း တစ်စုံတစ်ယောက်မှ နားလည်သွားခဲ့သည်။
သူသာထောက်ပံ့ပေးပါက သူတို့မိသားစုဘ၀လေး ပိုပြီးချောမွေ့လာပေမည်။ ဒါပေါ့။ အခုလည်း မချောမွေ့နေတာမျိုးမဟုတ်။ ဟိုအရင်ကလိုမျိုး ငွေကိုဖောဖောသီသီ မသုံးနိုင်ခြင်းသာဖြစ်သည်။
သူ့မိသားစုက လင်ကျန်းရီတို့မိသားစုနှင့် မယှဉ်နိုင်ပေ။ သို့သော် သုံးယောက်တည်းဖြင့်လည်း ပျော်ရွှင်ဖွယ်မိသားစုလေး ဖြစ်နိုင်ပါသည်။
ယဲ့ရှော်သည် သတိတရဖြင့် လော့ယန်ကို ငွေကူစုပေးနေသည်။ ပထမဆုံး ထျန်းထျန်းနှင့် လော့ယန်အတွက် အရသာရှိတာတွေ၀ယ်ပြီးမှ သူ့အတွက်ကို သိပ်အကောင်းကြီးထဲကမဟုတ်ဘဲ သင့်တော်တာလေးသာ ၀ယ်တတ်သည်။
JE LEEST
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomantiekDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...