အခန်း ၁၈၁။ ကုသမှုခံယူခြင်း
လော့ယန်သည် အေးခဲမှုကြောင့် တုန်လှုပ်နေရာ သူတို့နှစ်ဦးလုံး လုတစ်ယောက်မှာ ရှိသင့်သည့် ခန္ဓာကိုယ်အပူချိန်အောက် လျော့နည်းနေပြီဆိုတာ သိနိုင်သည်။
ဒါက ရိုးရှင်းသောပြန်ပေးဆွဲမှုမဟုတ်တော့ပေ။ တမင်ရည်ရွယ်ပြုလုပ်သော လူသတ်ရန်ကြံစည်မှုပဲဖြစ်သည်။
ယဲ့ရှော်သည် ဖုန်းပြောနေရင်း တစ်ဝက်တစ်ပြတ်၌ ဖုန်းကျသွားကြောင်း သိလိုက်ရသည်။
သူပြန်ခေါ်တော့ လော့ယန်ဖုန်းမကိုင်ခဲ့ပေ။ လိုရင်းကိုမပြောဘဲ ကြာနေလို့ ဖုန်းဘတ္တရီအားကုန်သွားတာ ဖြစ်နိုင်လား။
သေစမ်းပါတော့... အစကတည်းက ဘာလို့မတွေးမိရတာလဲ။
ရဲနှင့် သူတို့ဘက်ကလူများသည် သင်္ဘောကြီးပေါ်က လူတွေနှင့် ညှိနှိုင်းရန်ကြိုးပမ်းနေကြသော်လည်း သိသာထင်ရှားစွာပင် ယဲ့ရှော်နှင့် လင်ကျန်းရီတို့ မစောင့်နိုင်ဝော့ပေ။
ကုဖုန်းသည် သူ့ဘေးကလူထံမှ 'တစ်ဘက်အဖွဲ့က ညှိနှိုင်းမှုကို မတုံ့ပြန်သည်မှာ တခြားမဟုတ်။ သင်္ဘော၏ ထိန်းချုပ်ခန်းကို လက်လွှတ်ကာ ထွက်ပြေးသွားတာဖြစ်ကြောင်း' သတင်းစကားရလိုက်သည်။
တစ်ယောက်ယောက်ကို ရှာနိုင်သရွေ့ သူတို့သင်္ဘောပေါ်တက်ပြီး ရှာဖွေနိုင်ပြီး ခုခံမည့်သူ မရှိတော့ပေ။
ကုဖုန်းသည် လင်ကျန်းရီအား ထိုသတင်းပြောပြပြီး လင်ကျန်းရီနှင့် ယဲ့ရှော်ကလည်း ရဲများရှိရာ ရွက်လှေငယ်ဆီ အပြေးအလွှားသတင်းပို့လေသည်။အချိန်အတော်ကြာ အော်ပြောနေပြီးနောက် တုံ့ပြန်မှုမရှိတာ အံ့ဩစရာမရှိပေ။ ထိုလူတွေ ထွက်ပြေးသွားနှင့်ပြီဖြစ်သည်။
ယဲ့ရှော်သည် လော့ယန်၏ဖုန်းကောအကြောင်း ပြန်တွေးလိုက်သည်။ သူကြားလိုက်သည်က တစ်နေရာမှာ အဖမ်းခံထားရပြီး ထိုနေရာက.... မီးဖိုခန်းဆိုသလားလို့....။
သင်္ဘောကြီးက အလွန်ကြီးပေရာ မီးဖိုခန်းက ဘယ်နားမှာလဲဆိုတာဘယ်သူကသိမှာတဲ့လဲ။
လူဦးရေ များစွာပါသော လူအုပ်ကြီးသည် သင်္ဘော၏ထိန်းချုပ်ခန်းဆီ ၀င်လာခဲ့သည်။ သင်္ဘောတွင် အထပ်ခုနစ်ထပ်ပါရှိပြီး လူတိုင်းသည် 'ချူ (မီးဖိုခန်း)' ဟူသည့် အသံထွက်၏ ဖြစ်နိုင်ချေရှိရာ မီးဖိုခန်း၊ ဗီရိုများနှင့် အခြားနေရာများကို အဓိကထားကာ ရှာဖွေကြလေသည်။
YOU ARE READING
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...