အခန်း ၁၉၇။ ခိုင်ဇီ... ငါတို့ဒိတ်ရအောင်။

634 86 6
                                    

အခန်း ၁၉၇။ ခိုင်ဇီ... ငါတို့ဒိတ်ရအောင်။

လင်းခိုင်သည် တစ်လမ်းလုံး စိတ်လွန်ဆွဲနေခဲ့ပြီး ရင်လည်းခုန်နေခဲ့သည်။ 'သူ့ကိုကြိုက်နေတာလား' ဟု ကုဖုန်းကိုမေးချင်သော်လည်း ရလာမည့်အဖြေက သူလက်သင့်မခံနိုင်တာမျိုး ဖြစ်မှာကိုလည်း စိုးရွံ့နေခဲ့သည်

ဒါကြောင့် အိမ်အပြန်လမ်းတစ်လျှောက် စိတ်မအေးနိုင်သလို နှုတ်ကာနေလည်း ဘာမျှထုတ်မမေးနိုင်ခဲ့ပေ။

အစတုန်းကတော့ ကုဖုန်းက သူ့ကိုလိုက်ပို့ပြီးသည်နှင့် ပြန်သွားလိမ့်မည်ဟု တွေးထားခဲ့သော်လည်း တစ်ဘက်လူဟာ ရင်းနှီးကျွမ်း၀င်ဟန်ဖြင့် တံခါးကိုဖွင့်ပြီးနောက် ဧည့်ခန်းကိုဖြတ်လျှောက်သွားပြီး အိပ်ခန်းထဲ သို့ပါ တစ်ခါတည်းတန်း၀င်သွားလေသည်။

နှစ်နှစ်တာကာလဟာ ကုဖုန်းအတွက် လင်းခိုင်၏အိမ်နှင့်အတူ သူ့အ၀တ်အစားထားသိုရာနေရာနှင့် ရင်းနှီးကျွမ်း၀င်စေရန် လုံလောက်သည်လေ။

ထို့နောက် ကုဖုန်းသည် သတိတရဖြင့် လင်းခိုင်၏ ရေချိုး၀တ်ရုံကိုယူခဲ့ပြီး မျက်နှာသုတ်ပုဝါနှင့်အတူ ရေချိုးခန်းထဲ တည့်တည့်ကြီး လျှောက်သွားပြန်လေသည်။

"ဟေး ဟေး‌ ဟေး..."

လင်းခိုင်မျက်လုံးပြူးသွားပြီး ကုဖုန်း၏လက်မောင်းကိုလှမ်းဆွဲရင်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

"မင်းဘာလုပ်မလို့လဲ"

ကုဖုန်းက သူ့လက်ထဲက ပစ္စည်းများကို မြှောက်ပြရင်းပြုံးကာပြောသည်။

"ငါဘာလုပ်ချင်တာလဲဆိုတာ မင်းမတွေ့ဘူးလား"

လင်းခိုင်တံတွေးမျိုချရင်း ခက်ခက်ခဲခဲ ပြန်မေးလိုက်ရသည်။

"ရေချိုးဖို့ပြင်နေတာလား"

"ဘင်ဂို... အဖြေမှန်တယ်"

ကုဖုန်းခေါင်းညိတ်သည်။

"ကျွန်တော့်အတွက် ပြင်တာလား"

လင်းခိုင်ထပ်မေးလိုက်သည်။

ကုဖုန်း၏မျက်နှာအမူအရာမှာ အေးခဲသွားပြီး မပြုံးတုံ့ပြုံးတုံ့ဖြင့် လင်းခိုင်ကိုကြည့်သည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now