အခန်း ၁၈၉ ။ ရေကူးကန်ထဲက ကြည်နူးဖွယ်ရာအခိုက်အတန့်

915 134 12
                                    

အခန်း ၁၈၉ ။ ရေကူးကန်ထဲက ကြည်နူးဖွယ်ရာအခိုက်အတန့်

လင်ကျစ်ရွှမ်နှင့် လင်ကျစ်ဟောင်တို့၏ ပထမဆုံးမွေးနေ့ပွဲက စီစဉ်ထားသလို မဖြစ်ခဲ့ဘူးဆိုတာ ရုတ်တရက် သူသတိရသွားသည်။

ဒါက လင်ကျန်းရီနှင့် စုကျစ်ယန်တို့၏ လက်ထပ်ပွဲကျင်းပနေစဉ်အတွင်း ဖြစ်ပျက်ခဲ့သော တစ်စုံတစ်ရာကြောင့်ဖြစ်ပြီး လူတိုင်းက သတိကပ်နေခဲ့ကြရာ တစ်စုံတစ်ရာ ထပ်ဖြစ်လာမှာ ကြောက်နေခဲ့ကြသည်။

စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်စုံတစ်ရာဖြစ်လာခဲ့ပါက ရှင်းရလွယ်မည်မဟုတ်ပေ။ ဒီတော့ အကျဉ်းရုံးလေး ကျင်းပရန်အတွက်  မိသားစု၀င်များအပြင် အရင်းနှီးဆုံးလူတွေကိုသာ ဖိတ်ကြားခဲ့လေသည်။

ရွှမ်ရွှမ်နှင့်ဟောင်ဟောင်တို့က အရမ်းကြီးမကျော်ကြားသေးသော်လည်း တစ်နှစ်အရွယ်မှာပင် ပထမဆုံးမွေးနေ့လက်ဆောင်ကို လက်ခံရရှိကြပြီဖြစ်ကာ မိဘတွေကလည်း သူတို့ရှေ့မှာပင် ဖွင့်ဖောက်ကာပြသလေသည်။

သူတို့ထဲတွင် ထျန်းထျန်းလေးလည်း အတူပါ၀င်ကာ ပျော်ရွှင်စွာ ဖွင့်ဖောက်ကြသည်။ ဒါပေမဲ့ ထျန်းထျန်းလေးအရွယ်က လက်ဆောင်ကိုဖွင့်ဖောက်တတ်သောအရွယ် ရောက်နေလေပြီ။

သူသည် လက်ဆောင်များကြားမှ အဘိဓာန်စာအုပ်ကိုရွေးယူကာ ကိုင်ဆောင်ရင်း လော့ယန်ဆီပြေးသွားလေသည်။

အဲဒီ့နောက် သူ့ရဲ့မျက်နှာသေးသေးလေးကို မော့ထားသည်မှာ လော့ယန်ဆီက ချီးကျူးမှုကို စောင့်နေသည့်နှယ်။

"သားကြီးလာရင် လော့လော့လိုပဲလုပ်မှာ"

"လိမ္မာလိုက်တဲ့ကောင်လေးပဲ"

လော့ယန်သည် အဘိဓာန်စာအုပ်ကိုယူလိုက်ကာ အနောက်ဘက်မှာ နေရာချလိုက်သည်။ ထို့နောက် ထျန်းထျန်းကို ပွေ့ချီလိုက်ရာ ပြန်ဆင်းရန်ငြင်းဆန်သည်။

"ထျန်းထျန်းကို ချီထားပါဦး"

"အိုကေ... အိုကေ... ချီထားပါ့မယ်ကွာ ဟုတ်ပြီလား"

လော့ယန်အကူအညီမဲ့နေရလေပြီ။ ထျန်းထျန်းတစ်ယောက်ကတော့ဖြင့် စိတ်ကျေနပ်လောက်အောင် ချီပွေ့ခံရပြီးနောက် ယိမ်းထိုးကာပြန်ပြေးသွားလေသည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now