အခန်း ၁၈၄။ ဒီကိုယ်နေဟန်ထားက စိတ်ကူးနိုင်တာထက် လွန်နေပြီ။
လင်ကျန်းရီတစ်ယောက် မနက်အစောကြီး အ၀တ်အစားဖရိုဖရဲဖြင့် သန္ဓတေားဆေးဝယ်ရန် ကားမောင်းထွက်ခဲ့သည်။ ထိုအချိန်၌ စုကျစ်ယန်သည် အိပ်ယာပေါ်တွင် ပြန်၍လဲလျောင်းနေပြီး မျက်လုံးများကိုပိတ်ကာ ပြန်လည်အိပ်ပျော်သွားလေသည်။
ဥက္ကဌလင်တစ်ယောက် ဆေးဝယ်ပြီးပြန်လာသည့်တိုင် မျက်နှာ၌ တစ်စုံတစ်ရာကြောင့် ရှက်နေပုံရသည်။ မည်သို့ဆိုစေ မနက်အစောကြီး ဆေးဆိုင်သွားကာ တံခါးခေါက်ပြီး ဒီလိုဆေးမျိုးမေးသည့်လူက ရှားတောင့်ရှားခဲဖြစ်ချေမည်။
သို့သော် ရှက်စိတ်က တစ်ခဏတာပင်။ သူ့ဇနီးလေး နာကျင်ခံစားရမည်ကို တွေးမိချိန်မှာတော့ ဒီလိုဆေးဝယ်ရသည့်အပေါ် မရှက်တော့ဘဲ ကိုယ်ဝန်ထပ်ရခြင်းမှ ကယ်နိုင်တော့မည်မို့ စိတ်ပေါ့ပါးလာသည်။
သူအိမ်ပြန်ရောက်ချိန်၌ ခွက်ထဲရေထည့်ကာ ဆေးကိုပါယူလျက် စုကျစ်ယန်ကိုနှိုးလိုက်သည်။ သူသည် စုကျစ်ယန်ဆေးသောက်ပြီးသွားမှ စိတ်လက်အေးချမ်းစွာဖြင့် ရေခွက်ကို စားပွဲပေါ်ပြန်ထားလိုက်သည်။
အဲဒီ့နောက် အိပ်ယာပေါ်ပြန်လဲလျောင်းခိုင်းပြီး သူ့ရင်ခွင်ထဲတွင် ဖက်ထားလျက် ပြန်အိပ်စက်စေသည်။
စုကျစ်ယန်သည် ဆေးသောက်ပြေိးပြီဆိုသော်လည်း နောက်ထပ်တစ်ပါတ်လုံးလုံး လင်ကျန်းရီကို သူ့အားမထိတွေ့ခိုင်းပေ။
နောင်အနာဂတ်တွင် စက်ယှက်ခြင်းပြုပါက အကာအကွယ်သုံးရန်လည်း စည်းကမ်းသတ်မှတ်လိုက်သည်။ လက်မခံပါက ဘယ်တော့မှ စက်ယှက်ရန် ခွင့်ပြုမည်မဟုတ်တော့ပေ။
ဒါပေါ့။ လင်ကျန်းရီက သူ့ရဲ့ ကောင်းကျိုးခံစားခွင့်တွေကို ပိတ်ပင်မည်မဟုတ်ပေ။ ထိုအကြောင်းတွေးပြီးနောက် အနာဂတ်မှာ ကာကွယ်ထားတာက ပိုကောင်းမည်ဟု သူလည်းခံစားမိသည်။
ဒီလို စိတ်ကျေနပ်မှု ပီတိတွေကြောင့်လည်း စုကျစ်ယန်က သူတို့ရဲ့ပျားရည်ဆမ်းခရီးကို ဆယ်ရက်တိုးလိုက်သည်။ ဒီရက်တွေအတွင်း သူတို့ကို ဘယ်သူမှ နှောင့်ယှက်နိုင်မည်မဟုတ်ပေ။
ESTÁS LEYENDO
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...