Extra 6: တစ်ကြိမ်ပြီးတစ်ကြိမ် လူးလှိမ့်...

157 6 0
                                    

Extra 6: တစ်ကြိမ်ပြီးတစ်ကြိမ် လူးလှိမ့်...

ကိစ္စတွေက စုကျစ်ယန် ခန့်မှန်းထားသလိုပင်။

လင်ကျန်းရီ၏ရှာလကာရည်စည်ပိုင်းကြီးက အိမ်ပြန်ရောက်သည်အထိ လ၀က်လုံးလုံး ချဉ်စူးနေခဲ့ပြီး စိတ်ကျေနပ်‌အောင်အသားစားလိုက်ရပြီးမှပင် ကျေနပ်သွားခဲ့သည်။

သူပြန်လာသည့်နေ့တုန်းက...

စုကျစ်ယန်သည် သူ့ကို လေဆိပ်မှာသွားကြိုခဲ့သည်။ လင်ကျန်းရီတစ်ယောက် အထုပ်အပိုးများကိုပစ်ချပြီး စုကျစ်ယန်ကို အချိန်အတော်ကြာအောင် နမ်းရှိုက်သည်။

"ချစ်ဇနီးလေး... တစ်လလောက် ခွဲနေရတော့ ကိုယ့်ကိုလွမ်းနေပြီလား... ဟင်..."

စုကျစ်ယန်ကလည်း အလိုက်တသိဖြေရင်း စနောက်ကျီစယ်သည်။

"အင်း... လွမ်းတယ်တော့ ထင်တာပဲ"

လင်ကျန်းရီသည် အလုပ်ပင်ပန်းမှုကြောင့်အပြင် မျက်နှာက အမွှေးအမျှင်တွေ မရိတ်သင်ထားတာကြောင့် အနည်းငယ်ရုပ်ဆိုးနေကာ မျက်တွင်းတွေလည်း ချောင်ကျနေသည်။

ခင်ပွန်းသည်၏ ဒီလိုအသွင်အပြင်ကိုမြင်ရာ စုကျစ်ယန်နှလုံးသားလေး ကိုက်ခဲသွားရသည်။

"ကိုယ့်ကို တစ်ကယ်လွမ်းနေတာလား"

ပြောရင်းဆိုရင်း ထပ်မံကျီစယ်‌နေရာ စုကျစ်ယန်၏ခေါင်းပေါ်၌ အနက်ရောင်မျဉ်းများ ပြည့်နှက်စွာ ပေါ်လာလေပြီ။

"လင်ကျန်းရီ ခင်ဗျား heat ၀င်နေတာလား ဟမ်...။ မြန်မြန်လွှတ်စမ်းပါ။ အိမ်ရောက်မှလုပ်"

"အိုကေ... အိမ်ရောက်ရင် ကိုယ်တို့လုပ်ရအောင်"

လင်ကျန်းရီသည် စုကျစ်ယန်ကိုလွှတ်ပေးလိုက်ပြီးနောက် ကားဆီသို့ ဦးဆောင်ခေါ်လာလေသည်။ အဲဒီ့နောက် ကားထဲထိုးသိပ်ထည့်လိုက်သည်။ သို့သော် တံခါးကိုပြန်မပိတ်ရသေးခင် စုကျစ်ယန်ပြန်ထွက်လာသည်။

"ခင်ဗျား လေယာဉ်စီးလာရတာ ပင်ပန်းနေမှာပေါ့။ ကျွန်တော်မောင်းမယ်လေ"

အစတုန်းကတော့ လင်ကျန်းရီငြင်းရန်ဟန်ပြင်သော်လည်း စုကျစ်ယန်က တဇွတ်ထိုးဆန်ဆန် ခေါင်းမာနေမည့်ပုံပေါ်သည်။ ဒါကြောင့် နောက်ခန်းမှာဝင်ထိုင်ပြီး  စုကျစ်ယန်ကို ကားမောင်းခွင့်ပြုလိုက်သည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Donde viven las historias. Descúbrelo ahora