အခန်း ၁၃၅။ အချစ်မုဒ်ကို တတ်နိုင်သမျှအမြန်ဆုံးဖွင့်ပါ၊ စတင်ပါ။

859 27 0
                                    

Note*

မနေ့က ရေးတာမပြီးလိုက်လို့ updateမလုပ်ဖြစ်လိုက်တာပါ။ ပုံမှန် update စောင့်နေပေးတဲ့သူတွေအတွက် တောင်းပန်တဲ့အနေနဲ့ မနက်ဖြန်(သို့) သန်ဘက်ခါ နောက်တစ်ပိုင်းတင်ပေးမယ်နော်။ စာအုပ်မှာချရေးပြီးပြီ။

**************

အခန်း ၁၃၅။ အချစ်မုဒ်ကို တတ်နိုင်သမျှအမြန်ဆုံးဖွင့်ပါ၊ စတင်ပါ။

လင်ကျန်းရီသည် စုကျစ်ယန်၏ မာနခေါင်ခိုက်နေသော ဟန်ပန်လေးကြောင့် အကူအညီမဲ့စွာ ရယ်မောမိသည်။ နှစ်ဦးသား နေ့လည်စာအတူစားပြီးနောက် တစ်ရေးပြန်အိပ်ကြသည်။

အိပ်ရာနိုးလာချိန်မှာတော့ နောက်နေ့အတွက် အစီအစဉ်ချကြသည်။

"ကျွန်တော်တို့ ဘယ်သွားကြမှာလဲ"

စုကျစ်ယန်သည် လင်ကျန်းရီ၏ရင်ဘတ်ပေါ်တွင် ပျင်းရိပျင်းတွဲလဲလျောင်းရင်း မေးသည်။

"မနက်မှသွားကြမယ်။ ဒီနေ့က ကိုယ်တို့ရဲ့သီးသန့်နားရက်လေးပေါ့"

လင်ကျန်းရီပြန်ဖြေသည်။

"မနက်ဖြန် ရာသီဥတုအခြေအနေပေါ်မူတည်ပြီး လည်ကြတာပေါ့"

"ကျွန်တော် သားတွေကိုလွမ်းတယ်"

စုကျစ်ယန်သည် အကယ်၍ ဒီနှစ်စာမေးပွဲကျခဲ့လျှင် နောက်နှစ်ပြန်မဖြေတော့ဘူးဟု ဆုံးဖြတ်ထားသည်။

ကောင်းမွန်သည့် ပညာရပ်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို စီမံခန့်ခွဲနိုင်ခြင်းဟာ ကျွမ်းကျင်မှုတစ်ခုဖြစ်ပြီး အိမ်ထောင်ရေးနှင့် မိသားစုကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခြင်းဟာ အခြားသော ကျွမ်းကျင်မှုတစ်ခုဖြစ်သည်။

တစ်ခါတစ်ရံ လူတွေဟာ အလွန်အမင်း လအလိုလောဘကြီးလို့မရ‌နိုင်ပေ။ old sayingfish* နှင့် မျက်ရည်ပုလဲ... နှစ်ခုစလုံးတော့မရနိုင်ပေ။ ရိုးသားရမည်သာ။

{*လေပြည် ဆိုလိုရင်းကိုရှာကြည့်သေးတယ်။ အဖြေတွေက အများကြီးပဲမို့ နားမလည်တော့လို့ သူ့အတိုင်းပဲပြန်‌ရေးပေးထားတယ်။}

ရ‌သလောက်၊ ရှိသလောက်နှင့် ရောင့်ရဲကျေနပ်နိုင်သူတွေကတော့ အမြဲတမ်း ပျော်ရွှင်နေမှာပင်။ ယခုသူ့မှာ ခင်ပွန်းရယ်၊ သားတွေရယ်အပြင် သူ့ကိုချစ်မြတ်နိုးသော မိဘနှစ်ပါးလည်း ရခဲ့လေပြီ။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Dove le storie prendono vita. Scoprilo ora