အခန်း ၁၉၀။ ချိုမြိန်သောအဆုံးသတ်ကို ဆောင်ယူခြင်း -၂
တကယ်တော့ ကျစ်ယန် သူတို့ကို ပြန်မှတ်မိဖို့က မဖြစ်နိုင်တဲ့ကိစ္စဖြစ်သည်။ ဒီကိစ္စကို မေ့လိုက်ပါ၊ ထားလိုက်ပါတော့။ ကျစ်ယန်ရဲ့ ပျော်ရွှင်နေတဲ့ဘဝကို မနှောင့်ယှက်တော့ပါဘူး။
စုကျစ်ချီသည် သူ့အမေချက်ပြုတ်ထားသော အစားအစာကို ထောင်စောင့်မှ သေချာစစ်ဆေးပြီးနောက် သူမဆီပေးသဖြင့် လက်ခံရရှိပြီးဖြစ်သည်။
တုန့်ချန်း၀မ်သည် ကျစ်ယန်အကြောင်း ပြောပြရမလား၊ မပြောပြရင်ကောင်းမလား မတွေးနေတော့ဘဲ တိုးတိုးလေးကပ်ပြောလိုက်သည်။
"မြန်မြန်စားလေ... အချိန်ကမနည်းတော့ဘူး။ သမီးကို ကျွေးချင်လို့ မားကိုယ်တိုင်ချက်လာတာလေ။ ဗိုက်ဆာနေပြီလား"
စုကျစ်ချီ ခေါင်းညိတ်သည်။
"ဟုတ်ကဲ့"
"ဒါဆို မြန်မြန်စား။ ထောင်တချို့မှာ အစားအစာကို လုယူမယ့် လူဆိုးတွေ ပေါ်လာတာကို TV မှာ မားတွေ့ဖူးတယ်။ ဒီမှာစားပြီးမှ ပြန်သွားပေါ့။ နောက်တစ်ခါလည်း မားထပ်လုပ်ပေးဦးမယ်။ တစ်စုံတစ်ယောက်က တကယ် လုယူသွားတတ်တယ်ဆိုရင် သမီးကိုယ်တိုင်စားနိုင်သလောက် အရင်သိမ်းထားလိုက်။ အဲဒီလူတွေနဲ့ ပဋိပက္ခမဖြစ်အောင်နေ။ မကောင်းတဲ့ သြဇာလွှမ်းမိုးမှုတွေကနေ ကယ်တင်နိုင်မှာပါ"
တုန့်ချန်း၀မ်သည် သူမ၏သမီး အားပါးတရစားနေသည်ကိုကြည့်ကာ မျက်လုံးတွေ နီရဲလာပြန်သည်။
မည်သို့ပင်ဆိုစေကာမူ သူမ၏သမီးသည် ဒုက္ခရောက်နေပြီဖြစ်သည်။ ဘယ်လိုပဲ အပြစ်လုပ်ခဲ့သူဟုဆိုပါစေ။ နောက်ဆုံးမှာတော့ ချီချီသည်လည်း သူမ၏ခန္ဓာကိုယ်မှ ဖြစ်တည်လာခဲ့သော သွေးသားဖြစ်သည်လေ။
သမီးဖြစ်သူ ယခင်က မကောင်းခဲ့ခြင်းမှာ သူမနှင့် သူမ၏ခင်ပွန်းသည်တို့က သမီးအား ကောင်းစွာ မသွန်သင်ခဲ့သောကြောင့် ဖြစ်သည်။
ဒီအဖြစ်အပျက်က 'ကလေးများတွင် သူတို့၏ ကိုယ်ပိုင် ကောင်းချီးမဂ်လာရှိသည်' ဟူသော ဆိုရိုးစကားသည် အမှန်ပင်ဖြစ်ကြောင်း သက်သေပြခဲ့သည်။
YOU ARE READING
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...