🚨🚨🚨အခန်း ၁၄၉။ ဆန္ဒရှိသမျှ ပြည့်၀လေပြီ။

1.8K 164 31
                                    

ဒီအခန်းမှာ sexual scene တွေပါတာကြောင့် ၁၈ နှစ်မပြည့်သေးပါက လုံး၀ (လုံး၀) ဖတ်ရှုခြင်းမပြုရန် ကြိုတင်သတိပေးအပ်ပါသည်။

**********

အခန်း ၁၄၉။ ဆန္ဒရှိသမျှ ပြည့်၀လေပြီ။

လော့ယန်၏ အသက်ရှူသံသည် မတည်မငြိမ်ဖြစ်လာပြီး ယဲ့ရှော်၏ဆံပင်ကို သူ့လက်ဖြင့် ဆွဲဆုပ်ကာ စိတ်တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ သို့သော်အချည်းနှီးသာ။ သူပြတ်တောင်း၊ ပြတ်တောင်းဖြင့်ပြောလိုက်သည်။

"မင်း... ခရီးမပန်းလာဘူးလား"

ယဲ့ရှော်ခေါင်းခါကာ ပြန်ဖြေသည်။

"ကျွန်တော်ခရီးမပန်းပါဘူး။ လော့လော့သာ ကျွန်တော်ပြောတာကို သဘောတူလိုက်ရင် ပိုဝောာင်မှတက်ကြွလာဦးမှာ"
  
ထိုသို့ပြောရင်း ယဲ့ရှော်သည် လော့ယန်၏မျက်နှာကိုကြည့်ကာ လက်ကိုဆွဲယူလိုက်ပြီး သူ၏ညီငယ်လေးကို ပွတ်သပ်စေသည်။

– အိုး.... မေ့တော့မလို့ပဲ။ ဒီကောင်ဆိုးလေးမှာ အောက်ခံဘောင်းဘီကလွဲလို့ တခြားအ၀တ်တွေကို ချွတ်ထားခဲ့ပြီးပြီနော်။ အစကတည်းက မြှူဆွယ်ချင်လို့ဆိုတာ သိပ်သိသာတာပဲ။

ကိစ္စတွေအများကြီး ဖြစ်ပျက်သွားပြီးနောက် လော့ယန်သည် "မိမိကိုယ်ကိုစောင့်ထိန်းခြင်း" ဟုခေါ်သည့် အရာကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားရန် မလိုအပ်တော့ပေ။ ဖော်ပြနေရန်ပင်မလို။ဒီအရာဟာ လွန်ခဲ့သော ခုနစ်နှစ်ကတည်းက မရှိခဲ့တော့တာပင်။

သူ့စိတ်ဒဏ်ရာကိုကုသရန် အချိန်များစွာယူခဲ့ရပြီး ယခုဆိုလျှင် အခြားတစ်ယောက်နှင့် မျက်နှာချင်းဆိုင်ကာ ချစ်ခြင်းပင်လယ်ထဲ နစ်မြုပ်ရန် တတ်နိုင်သွားပြီဖြစ်သည်။ ထို့ပြင် ဒီလိုနစ်မြုပ်ခြင်းဟာ ဘ၀တစ်သက်စာဖြစ်သည်။

သူတို့ဟာ သူတို့၏ဘ၀ကို တစ်ဘက်လူအတွက် စွန့်လွှတ်ပေးဖို့ဆန္ဒရှိပြီး ဘ၀၏ခရီးလမ်းကို အတူလျှောက်လှမ်းသွားရန်လည်း ဆန္ဒရှိကြသည်။ သူတို့သာလွဲချော်သွားပါက တစ်ဘ၀လုံး အမှောင်ဖုံးသွားကြလိမ့်မည်။

အကယ်၍လူတစ်ယောက်သည် သင်နှင့်ပတ်သတ်သမျှ ကောင်းခြင်း၊ ဆိုးခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း အရာအားလုံးကို လက်ခံပေးနိုင်ပြီး သူ့နှလုံးသားထဲတွင်လည်း ပထမနေရာပေးထားမည်ဆိုပါက သူ့အတွက် တသီးတသန့်ဆိုတာမျိုး ရှိနိုင်ပါဦးမလား။
  
လော့ယန်သည် ယဲ့ရှော်၏ လက်‌ကောက်၀တ်လှီးခြင်းကိစ္စဖြစ်ပြီးတာ ကြာပြီဆိုသော်လည်း မိမိကိုယ်ကိုမချစ်ဘဲ စိတ်လိုက်မာန်ပါလုပ်သည့်အပေါ် အပြစ်တင်မိဆဲပင်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now