အခန်း ၁၅၇။ မိဘမဲ့ဂေဟာမှ ‌နောက်ထပ်အမေတစ်ယောက်

445 17 0
                                    

အခန်း ၁၅၇။ မိဘမဲ့ဂေဟာမှ ‌နောက်ထပ်အမေတစ်ယောက်

"အိုကေ... အိုကေ... အိပ်ရအောင်။ မနက်ကျ အလုပ်သွားရဦးမှာ"

စုကျစ်ယန် လင်ကျန်းရီကို တွန်းလိုက်သည်။

"ကျွန်တော်ပင်ပန်းနေပြီ"

"အိုကေပါကွာ။ ကိုယ်နှိပ်ပေးမယ်။ အိပ်ပျော်အောင်အိပ်လိုက်နော်"

******

နောက်တစ်နေ့၌....

အဂ်ါနေ့ဖြစ်သည်မို့ စနေ၊ တနဂ်နွေ ရုံးပိတ်ရက်မရောက်ခင် အလုပ်လုပ်ရန် လေးရက်ကျန်သေးသည်။

ဒီတော့ကာ လေးရက်စလုံး ရုံးဆင်းချိန်၌ စုကျစ်ယန်ကပဲကားမောင်းကာ လင်ကျန်းရီကို သွားခေါ်သည်။

ဒီလိုနှင့် လငိယ်ကျန်းရီလည်း စုကျစ်ယန်ထံမှ ဂရုစိုက်ခံရသည့်အပေါ် ဝါသနာထုံလာတော့သည်။

စနေနေ့မှာတော့ နှစ်ယောက်စလုံး ပေါ့ပါးသောအ၀တ်အစားများဝတ်ကာ အပိုပစ္စည်းများ၊ စာရေးကိရိယာများနှင့် ဂေဟာမှကလေးများအတွက် မရှိမဖြစ်လိုအပ်သော နေ့စဉ်သုံးပစ္စည်းများကိုဝယ်ပြီးနောက် မြို့ဆင်ခြေဖုံးရှိ မိဘမဲ့ဂေဟာကို သွားကြလေသည်။

မိဘမဲ့ဂေဟာ၏အဆောက်အဦများက နှစ်တစ်ချို့ကြာမြင့်လောက်ပေပြီ။ စုကျစ်ယန်၏အသက် ၂၅ နှစ်ကို ထည့်သွင်းတွေးတောကြည့်ပါက နောက်ထပ်ဘယ်နနှစ်လောက်ကတည်းက ရှိခဲ့သည်ဆိုတာ ခန့်မှန်းနိုင်သည်။

ဒီဂေဟာက စုကျစ်ယန်ကို ဒီမှာမစွန့်ပစ်ခင်ကတည်းက ရှိနေခဲ့တာပင်။ ဒါ့အပြင် အပြင်ပန်းအရ ဂေဟာ၏အသွင်အပြင်က အလွန်ဟောင်းနွမ်းနေခဲ့ပြီ။

သာမန်လူ၏အမြင်မှာပင် အိုဟောင်းယိုယွင်းလို့နေလေပြီ။ စုကျစ်ယန် ကလေးဘ၀ကတည်းက ဒီနေရာမှာ ကြီးပြင်းလာခဲ့ရကြောင်း လင်ကျန်းရီ တွေးမိချိန်မှာတော့ စိတ်ပူပင်သောကရောက်မိပြီး စုကျစ်ယန်၏လက်မောင်းကို ပွေ့ဖက်ထားမိသည်။

အလိုအလျောက် တင်းကျပ်စွာဖက်ထားမိပြီး စိတ်သက်သာစေရန် တိတ်တိတ်လေး ကြိုးစားနေမိသည်။

စုကျစ်ယန်သည် စိတ်လှုပ်ရှားကြောက်ရွံ့နေခဲ့ပြီး ခါးသီးသည်လို့တော့ မခံစားရပါ။ လင်ကျန်းရီကိုပင် စိတ်ဝင်တစားမိတ်ဆက်ပေးနေလေသည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Where stories live. Discover now