အခန်း ၁၄၆။ ဘာလို့လဲဆိုတော့ ငါလည်းမင်းကိုလွမ်းလို့လေ

1.2K 195 12
                                    

အခန်း ၁၄၆။ ဘာလို့လဲဆိုတော့ ငါလည်းမင်းကိုလွမ်းလို့လေ

ယဲ့ရှော်သည် ရထားပေါ်သို့ ခက်ခက်ခဲခဲဖျစ်ညှစ်တိုးကာတက်ရသည်။ သူ့လက်မှတ်က မတ်တပ်ရပ်စီးရမဲ့လက်မှတ်ဖြစ်ပြီး ရထားထဲမှာ လူများပြည့်ကျပ်နေကာ ရပ်ရန်နေရာကလည်း ကျပ်ကျပ်တောက်တောက်ပင်။

သူ့အသက်ရှူသံက ရထားစောင့်ဆိုင်းခန်းတုန်းကထက် ပိုပြင်းထန်ပြီး အန်ထွက်မတတ်ဖြစ်နေသည်။ မည်သို့ဆိုစေ ရထားတွဲဆက်ထားသည့်နေရာဆီ ရွှေ့သွားရန်ခက်ခဲပြီး ယခုနေရာမှာ လေတိုက်နေတာက ပိုကောင်းသော်လည်း အတော်လေးတော့ ချမ်းအေးလှသည်ပင်။

ယဲ့ရှော်ဖုန်းထုတ်ကာ လော့ယန်ဆီထပ်ခေါ်လိုက်သည်။ သို့သော် ဖုန်းပိတ်ထားဆဲပင်။

— သူဖုန်းအားကုန်နေတာများလား။
  
အခုအချိန်မှာ ယဲ့ရှော်သည် အလွန်ခံစားချက်ကောင်းနေပြီး မထွက်လာနိုင်သေးခင်ကလို စိတ်လှုပ်ရှားမှုရော ကြောက်ရွံ့မှုပါမရှိနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူစုကျစ်ယန်ဆီမှ သတင်းရထားပြီးတာကြောင့်ဖြစ်သည်။
  
လော့လော့က ဇာတိမြို့ဆီခဏပြန်တာဖြစ်ပြီး ထွက်ပြေးသွားတာမဟုတ်ပေ။ သူရထားစီးပြီးလိုက်သွားရုံနှင့် လော့လော့ကိုပြန်တွေ့နိုင်မှာဖြစ်သည်။
 
ပိုအရေးကြီးတာက သူတို့နှစ်ယောက်ကြားက အခြေအနေဟာ နဂိုထက် ပိုပြီးတိုးတက်လာတော့မှာပင်။ အနည်းဆုံးတော့ ပါးက သုံးနှစ်စာ အပေးအယူလုပ်ကာ သူ့ကိုလွှတ်ပေးလိုက်သည်လေ။
  
ထိုအကြောင်းပြန်တွေးရလျှင် ပါးကသူ့ကို သုံးနှစ်တောင် တောင့်ခံနိုင်မှာမဟုတ်ဘူးလို့ တွေးနေတာပဲ‌နေမှာ။ ဟုတ်တယ်မလား။
  
ဘာပဲဖြစ်ဖြစ်ကိစ္စမရှိ။ မျှော်လင့်ချက်နှင့် တွန်းအားပေးရာ သူဦးတည်သွားရမည့် လော့လော့ရဲ့ ရွာလေးရှိသည်လေ။ ယဲ့ရှော် အသက်ပြင်းပြင်းရှူကာ ဖုန်းကိုတင်းတင်းဆုပ်ကိုင်ထားသည်။

— ဟိုဟိုဒီဒီလျှောက်တွေးနေမလား။ မနက်ဖြန်မှ ဖုန်းပြန်ခေါ်ရမလား။

အခုက မနက်အရုဏ်တက်သုံးနာရီရှိနေပြီ။ လော့လော့ဖုန်းအားက မရှိတော့တာ မဟုတ်ရင်တောင် ဖုန်းအိပ်ပြီးအိပ်တာမျိုး ဖြစ်နိုင်တယ်မလား။
   
ဒါ့အပြင် သူဖုန်းခေါ်လိမ့်မယ်ဆိုတာလည်း လော့လော့မသိဘူးလေ။
  
ဒီနေ့က ၁၂ကြိမ်မြောက် လပြက္ခဒိန်၏ ၂၈ရက်မြောက်နေ့ဖြစ်ကာ ထိုနေရာဆီရောက်ရန် ကားဖြင့်ဆိုပါက တစ်နေ့နှင့်တစ်ညလောက်မောင်းရသည်။ ဆိုလိုတာက သူအဲဒီ့ကိုရောက်မည့်အချိန်မှာ ၂၉ရက်နေ့မနက်စောစောလောက် ဖြစ်လိမ့်မည်။
   
ယဲ့ရှော်သည် လော့ယန်၏အိမ်လိပ်စာ ရေးထားသည့်စာရွက်ကိုထုတ်ကြည့်လိုက်သည်။ မြို့တော်ကိုရောက်ရုံနှင့်မပြီးသေး။ စီရင်စုကိုရောက်ဖို့ ကားတစ်ဆင့်စီးရဦးမှာဖြစ်သည်။
  
ယဲ့ရှော်သည် လူအုပ်၏အစွန်းနားမှာ ထိုင်နေတာဖြစ်ပြီး ပြတင်းပေါက်ကိုကြည့်ရန် ခက်ခက်ခဲခဲလှည့်လိုက်ရသည်။
  
အပြင်မှာ နှင်းကျဆဲဖြစ်ကာ လရောင်ဆမ်းသည့်ညသည် အဖြူရောင်နှင်းထုနှင့်ရောယှက်နေပြီး လုံးလုံးလျားလျားတော့ မမှောင်နေပေ။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]حيث تعيش القصص. اكتشف الآن