အခန်း ၁၉၄။ အကြိမ် (၁၀၀) မြောက်ညစာစားပွဲ

930 134 4
                                    

အခန်း ၁၉၄။ အကြိမ် (၁၀၀) မြောက်ညစာစားပွဲ

လင်မိသားစု၏ဗီလာမှ ထွက်လာကြပြီးနောက် ယဲ့ရှော်သည် လော့ယန်ကို 'L-Do' ၏ နာမည်ကြီးစတိုးဆီ တစ်ခါတည်းခေါ်သွားသည်။

ထျန်းထျန်းလေးကလည်း ညီလေးတွေနှင့် ပျော်ရွှင်စွာကစားပြီးနောက် အိမ်သို့ချက်ချင်းပြန်မလိုက်ချ‌င်သေးပေ။

ပုံမှန်အတိုင်းဆိုပါက သူတို့မိသားစုသည် လင်မိသားစုဗီလာ၌ နှစ်ရက်လောက် နေတတ်ကြသည်။ ဘာပဲဖြစ်ဖြစ် လင်မိသားစုရဲ့ဗီလာက လုံလောက်အောင်ကြီးမားရာ လက်ထပ်ပွဲလိုအချိန်မျိုးမှာ ဆွေမျိုးတွေ တစ်ပျော်တပါး တည်းခိုလို့ပင်ရနိုင်သည်။

အခုကတော့ လူသုံးယောက်တည်း ပိုလာသေးတာဖြစ်သည်။ ဒီတော့ သူတို့အရေအတွက်က သေချာပေါက် ဆံ့သည်။

ယဲ့ရှော်နှင့်လော့ယန်က ထျန်းထျန်းလေး သူတို့ကြား မရှုပ်နိုင်စေရန် ထားခဲ့တာကြောင့် သူ့ညီလေးနှစ်ဦးရယ်၊ လင်ကျန်းရီတို့ရယ်နှင့်အတူ ရေကူးရင်း ကျန်နေခဲ့သည်။

ဒီတော့ ယဲ့ရှော်နှင့် လော့ယန်တို့က ညကျမှပြန်လာလို့ရသည်။ လင်ကျန်းရီနှင့် စုကျစ်ယန်တို့ ပြောတာကိုနားထောင်ပြီးနောက် ယဲ့ရှော်လည်း မငြင်းတော့ဘဲ စိတ်ဓာတ်ခိုင်မာမှုကိုသာ ပြသလိုက်သည်။

သူ့ခြေထောက်ပေါ် သူရပ်တည်နိုင်ပြီလို့ဆိုသော်လည်း သူ့ရဲ့ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေအတွက် လတိုင်းလော့ယန်ပေးသော ပိုက်ဆံတွေအပေါ် မှီခိုနေရဆဲဖြစ်သည်။

မည်သို့ဆိုစေ အချိန်ကျလာတာနှင့် လော့ယန်အပေါ် ပိုပြီးကောင်းတာတွေ သူပေးမည်ဟု စိတ်ဆုံးဖြတ်ထားသည်။

လော့ယန်တစ်ယောက် ကားပေါ်ကဆင်းသည်နှင့် ကြီးမားလှသော L-Do logo ကိုမြင်လိုက်ရပြီး ခဏလောက်မိန်းမောသွားသည်။ ပြီးကာမှ ယဲ့ရှော်က လက်စွပ်၀ယ်ရန် ခေါ်လာတာဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

"လော့လော့... ကျွန်တော် မင်းကို အများကြီးနစ်နာစေမိပြီ"

ယဲ့ရှော်သည် ကားကိုပါကင်ထိုးပြီးနောက် စတိုးဆိုင်ကြီး၏ရှေ့တွင် မိန်းမောနေသော လော့ယန်၏လက်ကိုကိုင်ကာ ရိုးသားစွာတောင်းပန်လိုက်သည်။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Tempat cerita menjadi hidup. Temukan sekarang