အခန်း ၁၉၉။ အဆုံးသတ်ခြင်းကင်းမဲ့သောပျော်ရွှင်မှု
"မင်း အခုတစ်လော ကောင်မလေးရနေတာလား"
လင်ကုမ္ပဏီအုပ်စု၏ ထိပ်ဆုံးလွှာတွင် လင်ကျန်းရီတစ်ယောက် ကုဖုန်းကိုကြည့်ကာ မနေနိုင်တော့ဘဲ မေးလိုက်ခြင်းဖြစ်သည်။
မဟုတ်ဘူးဆိုရင် ဘာလို့များ လူမြင်မကောင်းလောက်အောင် တစ်နေ့လုံးရယ်မောနေမှာတဲ့လဲ။
ကုဖုန်းသည် သူ၏မူပိုင်ဖြစ်သော လှည့်ဖျားတတ်သည့်အပြုံးကိုပြသကာ မျက်ခုံးပင့်လိုက်သည်။
"ခန့်မှန်းကြည့်လေ"
"မင်းဘိုးအေပဲခန့်မှန်း... မြန်မြန်ပြောစမ်းပါ။ ဘယ်မိသားစုက သမီးပျိုလေးလဲ။ နောက်ဆုံးတော့ တည်ငြိမ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ"
"သူကသမီးပျိုလေးမဟုတ်ဘူး။ မင်းလိုပဲ။ ငါလည်းကောင်လေးတစ်ယောက်နဲ့ ဒိတ်နေတာ"
ကုဖုန်းသည် လက်ဘက်ရည်တစ်ငုံသောက်လိုက်ပြီး လင်ကျန်းရီ၏ မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာ ထိုင်လိုက်ရင်း ပြန်ဖြေသည်။
လင်ကျန်းရီ ကြောင်အသွားပြီးနောက် ခေါင်းကိုခါယမ်းလိုက်သည်။
"ငါမယုံပါဘူး။ မင်းကကွေးနေတာမှမဟုတ်ဘဲကို"
"ကျေးဇူးကြီးမားလှပါတယ်... မင်းဆီကနေ ကွေးစေတဲ့ပိုး ကူးစက်ခံလိုက်ရတဲ့အတွက်လေ"
ကုဖုန်းသည် အကူအညီမဲ့ဟန်ဖြင့် ပခုံးတွန့်ပြသော်လည်း သူ့မျက်နှာအမူအရာကမူ သစ္စာဖောက်နေသည်။
"အသစ်အဆန်းကို ရှာဖွေတဲ့အနေနဲ့ ယောက်ျားလေးတစ်ယောက်နဲ့ မင်းဒိတ်နေတာ။ ဟုတ်တယ်မလား ကုဖုန်း။ ဒီလိုလုပ်တာ မကောင်းဘူးနော်။ တစ်ဖက်သားရဲ့ ခံစားချက်ကိုလည်း ဂရုတစိုက် ထည့်စဉ်းစားပေးသင့်တယ်"
လင်ကျန်းရီက သူ့ကို လမ်းညွှန်ပြသသည်။
အဖြောင့်ကောင်တစ်ယောက်က ဘာလို့ အပျော်တမ်းအနေနဲ့ သူတို့အကွေးတွေကြားထဲ ၀င် join ချင်ရတာလဲ။ လှည့်ဖျားပြီး အပျော်တမ်းအနေနဲ့ ကောင်လေးတစ်ယောက်ထားပြီးနောက် ကန်ထုတ်လိုက်ရင် တစ်ကယ်ချစ်တဲ့မိန်းကလေးနဲ့တွေ့တဲ့အခါ ပြန်ပြီးကန်ထုတ်ခံရလိမ့်မည်။
ESTÁS LEYENDO
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...