အခန်း ၂၀၃။ ကောင်းကင်ပေါ်က ပိုင်မုန့်ကြီးကျလာသလို
"အချစ်... ကိုယ် ကျွမ်းကျင်တဲ့ အရိုးအထူးကုတွေနဲ့ ဆက်သွယ်ထားတယ်။ မင်းသူတို့ကို မိဘတွေအဖြစ် အသိအမှတ်မပြုချင်ဘူးဆိုရင်လည်း စိတ်ထဲ၀န်လေးနေဖို့မလိုဘူးနော်။ သူမကို အကောင်းဆုံးကုသပေးဖို့ကိုပဲ အာရုံထားတာပေါ့"
လင်ကျန်းရီ ထပ်မံရှင်းပြသည်။ စုကျစ်ယန်သည် အတော်ကြာအောင် တွေးနေခဲ့ပြီးနောက် ဧည့်ခန်းတွင် လိုက်တမ်းပြေးတမ်းကစားနေသော ကလေးနှစ်ယောက်ကိုကြည့်လိုက်သည်။
တစ်ချို့မိဘတွေ ဘာကြောင့်များ ရက်စက်ကြမ်းကြုတ်ရသလဲဆိုတာ သူနားမလည်ပေ။ တစ်ကယ်လို့... တစ်ကယ်လို့များ သူ့နေရာမှာ သူ့ကလေးတွေသာဆိုရင် သူ့ရင်ကိုအကွဲခံပြီး စွန့်ပစ်လိမ့်မည်မဟုတ်ပါချေ။
ဒါပေမယ့် ဒီကိစ္စက ဒီအဆင့်ကို ရောက်သွားပြီဆိုတော့ နောက်ထပ် တွေးကြည့်စရာ အကြောင်းမရှိတော့ပါဘူး။
"ကျွန်တော်ဘာလုပ်သင့်တယ်လို့ ခင်ဗျားထင်လဲဟင်"
စုကျစ်ယန် လင်ကျန်းရီကို လှည့်ကြည့်လိုက်သည်။ လင်ကျန်းရီ အနည်းငယ်တွေဝေသွားပြီး သူ့ဇနီးလေးက သူ့ကိုခက်ခဲသောမေးခွန်းတစ်ခု ပေးလိုက်တာပဲဟု သူ့ဘာသာတွေးမိသည်။
— ဒီလို ခက်ခဲတဲ့မေးခွန်းတစ်ခု ကိုယ့်ကိုပေးတယ်ဆိုတာ ကိုယ့်ကိုစမ်းသပ်နေတာ မဟုတ်ဘူးလားကွ... ဟမ်...။
ဒါပေါ့။ လင်ကျန်းရီ၏နှလုံးသားထဲတွင် အော်ဟစ်နေသော်လည်း အပေါ်ယံမှာတော့ တည်ကြည်လေးနက်စွာ ပြန်ဖြေသည်။
"ကိုယ့်ဇနီးလေး ဆန္ဒရှိတာမှန်သမျှ ကိုယ်ထောက်ပံ့ပေးမှာပါ"
"ကျွန်တော်က ခင်ဗျားကိုမေးနေတာလေ။ မရေရာတဲ့အဖြေမျိုး ပြန်မပေးစမ်းပါနဲ့"
စုကျစ်ယန် သူ့ကို စိုက်ကြည့်ပစ်လိုက်သည်။ လင်ကျန်းရီ သက်ပြင်းဖွဖွလေးချပြီးနောက် နာနာခံခံဖြင့် ပြန်ဖြေလိုက်ရလေပြီ။
"သူတို့က မင်းကို တစ်ကယ် အသိအမှတ်ပြုချင်တယ်ဆိုရင် ကိုယ်သဘောတူလို့ရပါတယ်"
CZYTASZ
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomansDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...