Extra 7 - ကိုယ်ဝန်ထပ်ရတာလား... မသေချာ...
အခုတစ်လော စုကျစ်ယန် အလုပ်များနေသည်။
ကုဖုန်းကတော့ သူ့မိဘများနှင့်တွေ့ပေးရန် လင်းခိုင်ကို ဆွဲခေါ်သွားနိုင်ခဲ့ပြီ။ လင်းခိုင်ကလည်း ဒီနေ့ကိုစောင့်မျှော်နေရာ ကုမ္ပဏီအလုပ်တွေက သူ့ခေါင်းပေါ်ကျလာခဲ့သည်။
အဲဒီ့နောက် မိုးသောက်ချိန်မှ နေ၀င်အချိန်အထိ အနားမရနိုင်လောက်အောင် အလုပ်များနေတော့သည်။ သူစိတ်ပင်ပန်းမှုကို ခံစားရသော်လည်း ကံကောင်းစွာဖြင့် ရက်အနည်းငယ်အလုပ်ရှုပ်ပြီးနောက် ပြန်အဆင်ပြေသွားခဲ့သည်။
အဲဒီ့နောက် ရက်အနည်းငယ်လောက် သူအနားယူခဲ့သည်။ သို့သော်လည်း သူအနားယူလေလေ ပိုပြီးပင်ပန်းလေလေဖြစ်လာခဲ့သည်။ မနက်စောစောတိုင်းမှာလည်း အိပ်ရာမထချင်ပေ။လင်ကျန်းရီလည်း သူ့ဇနီးလေး စိတ်အေးလက်အေးအနားယူနိုင်ရန်အတွက် အခြားဓာတ်ပုံဆရာကို အခကြေးငွေပေး၍ ခန့်ထားလိုက်လေသည်။
ကုမ္ပဏီမှာ လွန်ခဲ့သောလအနည်းငယ်ကတည်းက နယ်ပယ်သစ်ချဲ့ထွင်ခဲ့တာမို့ လင်ကျန်းရီလည်း အလုပ်များနေသည်။ သို့သော် ချက်ပြုတ်ခြင်းနှင့် ကလေးတွေကျောင်းပို့ကြိုတာဝန်ကို ယူထားဆဲပင်။
စုကျစ်ယန်သည် ရက်အတော်ကြာ အအိပ်လွန်နေခဲ့ပြီးနောက် နည်းနည်းစိတ်ရှုပ်ထွေးလာလေပြီ။ သူ့အစားအသောက်တွေကလည်း အရသာမရှိတော့ပေ။
လင်ကျန်းရီကလည်း အလုပ်များနေတာကြောင့် သူ့ကိုဂရုမစိုက်ပေးနိုင်ပေ။ ဒီလိုနှင့်တစ်ရက်မှာတော့ သူတို့ ညစာစားနေရင်း ရုတ်တရက်ပင် စုကျစ်ယန်တစ်ယောက် ရေချိုးခန်းဆီပြေးသွားကာ အော့အန်လေသည်။
လင်ကျန်းရီ ရုတ်တရက် ထိတ်လန့်သွားသည်။ သူ့ဇနီးလေး ဒီရက်တွေထဲ အလွယ်တကူပင်ပန်းနေတတ်သည်။ ဒီနေ့အတွင်း အန်တာလည်း နှစ်ခါရှိပြီ။ သူ... ကိုယ်ဝန်အကြောင်း စတင်တွေးတောမိသွားလေပြီ။
ဖြစ်နိုင်တာ... ဖြစ်နိုင်တာက...
ကိုယ်ဝန်ထပ်ရတာများလား...။အတူလူးလှိမ့်ခဲ့သည့် နောက်ဆုံးတစ်ကြိမ်တုန်းက ချက်ပြုတ်တာရယ် ကလေးတွေကို ကျောင်းပို့ပေးဖို့ရယ် အာရုံများပြီး စုကျစ်ယန်ကို သန့်ရှင်းမပေးခဲ့မိကြောင်း ပြန်တွေးမိသွားသည်နှင့် သူ့မျက်နှာတစ်ခုလုံး မှောင်မည်းသွားရသည်။
YOU ARE READING
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...