အခန်း ၁၃၈။ လက်ထပ်ပြီး မိသားစုထဲဝင်ပေမဲ့ ကျွန်‌တော်ကဘော့စ်ပဲ။

475 34 0
                                    

အခန်း ၁၃၈။  လက်ထပ်ပြီး မိသားစုထဲဝင်ပေမဲ့ ကျွန်‌တော်ကဘော့စ်ပဲ။

ချစ်စရာကောင်းသည့် ပျားရည်ဆမ်းအချိန်လေးဟာ အချိန်တိုအတွင်း ပြီးဆုံးသွားပါပြီ။ လင်ကျန်းရီနှင့် စုကျစ်ယန်တို့နှစ်ယောက်လည်း ဇာတိမြို့သို့ အပြန်ခရီးကို စတင်ခဲ့ကြ‌‌သည်။
  
လင်ကျန်းရီကတော့ အလွန်ဝမ်းနည်းနေပါသည်။ သူနောက်ထပ်ကြာကြာလေး ကစားနိုင်မည်ဆိုပါက ပိုကောင်းမည်။ သို့သော် သူတို့နှစ်ယောက်လုံး ကလေးများကို နည်းနည်းတော့ လွမ်းနေကြပြီဖြစ်သည်။
  
သူကတော့ အဆင်ပြေပါသေးသည်။ မည်သို့ပင်ဆိုစေ သူ့မိဘများနှင့်ကလေးများကို video call ၌ နေ့တိုင်းမြင်‌တွေ့နိုင်ပြီး အိမ်ပြန်ရောက်လျှင်လည်း တွေ့နိုင်သည်။  သို့သော် စုကျစ်ယန်ကတော့ မတူပေ။

'video call မှာဆို မြင်ပဲမြင်နိုင်ပြီး ထိတွေ့လို့မရ' ဟု သူပြောခဲ့သည်။ နှင်းများရပ်သွားသည့်နောက်မှာတော့ အိမ်သို့အမြန်ဆုံးပြန်ရန် လင်ကျန်းရီကို တိုက်တွန်းတော့သည်။

ထပ်ပေါင်းပြောရလျှင် လင်ကျန်းရီ၏ company မှာလည်း ဖြေရှင်းစရာလေးတွေ ရှိသေးသည်။

အစတုန်းကတော့ စာ‌မေးပွဲပြီးနောက် စုကျစ်ယန်နှင့် ရုံးပိတ်ရက်နှစ်ရက်လောက် ထပ်ပြီးနေရန်စီစဉ်ထားတာဖြစ်သည်။ သို့သော် အကြံအစည်မှာ အထမမြောက်လိုက်ဘဲ လုပ်ငန်းခွင်ဆီ ပြန်ဝင်ရတော့မည်။

စာမေးပွဲနှစ်ရက်နှင့် လည်ပတ်ကြသည့်နေ့အပါအ၀င် သုံးရက်ကြာပြီးချိန်မှာတော့ ကျန်းချင်သည် သူ့ကိုဖုန်းတွေဆက်ပြီး 'သူအတည်ပြုကာ လက်မှတ်ထိုးရမည့် စာရွက်စာတမ်းတွေ ပုံထပ်နေပြီဖြစ်ကြောင်း' ပြောလာတော့သည်။

မည်သို့ပင်ဆိုစေ လင်ကျန်းရီအနေဖြင့် ပျော်တော့ပျော်ခဲ့ရပါသည်။ ထို့ကြောင့် သူရိုက်ခဲ့သော ဓာတ်ပုံများအားလုံးကို သိမ်းဆည်းလိုက်သည်။

ဒါတွေက သူနှင့် သူ့ဇနီးလေး၏ အမှတ်တရ ရတနာလေးဖြစ်သည်မို့ တန်ဖိုးထားပြီး သေချာသိမ်းဆည်းရမည်။ 
  
ဟုတ်သည်။ ပုံတွေအားလုံးကို သူ့အပိုင်အဖြစ်သိမ်းဆည်းရသည့် အကြောင်းပြချက်မှာ ဒီလို ကလိမ်ကကျစ်ကျထားသည့် ဓာတ်ပုံစတစ်ကာများကို စုကျစ်ယန် အကြာကြီးစိတ်မ၀င်စားတာကြောင့်ဖြစ်သည်။ လင်ကျန်းရီကလည်း လွှင့်မပစ်ရက်ပေ။

Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]Donde viven las historias. Descúbrelo ahora