အခန်း ၁၆၈။ စကားတစ်ခွန်းတည်းဖြင့် အိပ်မက်မှနိုးထစေခြင်း။
လင်းခိုင်သည် နေရာတကျထိုင်ပြီးနောက် သက်ပြင်းမောကြီးချလိုက်ပြီး အချိန်တစ်ခဏမျှကြာအောင် မတုံ့ပြန်နိုင်သေးပေ။ ချွေးများသာ သုတ်နေရလေသည်။
လင်းခိုင်သည် သူ့အိတ်ကပ်ကို ထိလိုက်ပြီး တိတ်တိတ်လေး သက်ပြင်းချပြန်သည်။
ဟူး.... သွားလေပြီ။ ဒီနေ့ အလောတကြီးထွက်ခဲ့ရတာကြောင့် တစ်ရှူးမယူခဲ့မိပေ။ ဒီတော့လက်ကိုသာ ယပ်တောင်အဖြစ်သုံးပြီး ချွေးတိတ်စေရန် ယပ်ခတ်ရတော့သည်။
"ကိုယ်အလေးချိန်က ဘယ်လောက်တောင် ရှိနေတာလဲ။ ခြေလေးနှစ်လှမ်းလောက်ကို မောနေပြီလား"ကုဖုန်းသည် ကားကို စတင်ကာပြန်လည်မောင်းထွက်ရင်း တစ်ဘက်လှည့်ကာမေးလိုက်သည်။
"ငါလည်းအတိအကျဝောာ့မသိဘူး။ ၁၇၀ ၊ ၁၈၀ ကတ်တီလောက်တော့ရှိတယ်"
လင်းခိုင်သည် တုံးတုံးအအ အပြုံးဖြင့် ပြန်ဖြေသည်။ ကုဖုန်း လှည့်ကြည့်လိုက်ပြီးနောက် ခေါင်းကိုခါယမ်း၍ ပြောလိုက်သည်။
"ငါသာကားကိုမရပ်လိုက်ရင် မင်းတော့ အနည်းဆုံး နှစ်ရာကတ်တီလောက် ဝိတ်ကျသွားတော့မှာ"
လင်းခိုင် မျက်လုံးပြူးသွားပြီး မရဲတရဲဖြင့် ဗိုက်အဆီပြင်ကို ထိကိုင်ရင်း ငြင်းဆိုလိုက်သည်။
"မထူးဆန်းတော့ပါဘူး။ အခုတောင် ငါ့အဆီတွေ နည်းနည်းလျော့သွားသလိုပဲ"
ကုဖုန်း မယုတ်မလွန်ဖြေသည်။
"မင်းအရပ်ကရော ဘယ်လောက်လဲ"
"၁.၇၈ မီတာလေ"
လင်းခိုင်သည် ကုဖုန်းဘက်ကိုခေါင်းလှည့်ဖြေရင်း ခန့်မှန်းသည်။
"မင်းကတော့ ၁.၈ မီတာ ဒါမှမဟုတ် အဲဒီ့ထက်တောင် ရှည်နိုင်လောက်တယ်မလား"
"ဟုတ်တယ်။ ၁.၈၃ မီတာ"
ကုဖုန်းခေါင်းညိတ်သည်။ လင်းခိုင်ထပ်မေးပြန်သည်။
"ကိုယ်အလေးချိန်ကရော..."
ကုဖုန်းသည် လင်းခိုင်ကို ဘေးတိုက် တစ်ချက်ကြည့်လိုက်သည်။ လင်းခိုင်လည်း တိတ်ဆိတ်နေမှုကို သတိပြုမိလိုက်ရာ ရှက်ရယ်ရယ်ရင်းပြောသည်။
YOU ARE READING
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...