အခန်း ၁၄၀။ မင်းရဲ့ အကောင့်စာအုပ်ဘယ်မှာလဲ။
လော့ယန်သည် မီးဖိုခန်းမှထွက်လာချိန်၌ ကြားလိုက်ရသောအသံကြောင့် ထိတ်လန့်သွားရသည်။ 'အိမ်ထဲကိုသူခိုးဝင်တာလား။ ရဲကိုခေါ်ရင်ကောင်းမလား'ဟု တွေးတောလိုက်သည်။
အိပ်ခန်းမကြီး၏တံခါးဆီ သူတဖြည်းဖြည်းလျှောက်သွားပြီး ခေါင်းပြူကာကြည့်လိုက်ချိန်မှာတော့ လင်ကျန်းရီနှင့် စုကျစ်ယန်ကို တွေ့လိုက်ရသည်။ ဒီတော့မှသာ သူ့ရင်ထဲမှအလုံးကြီး ကျသွားတော့သည်။
စောစောကထွက်ပေါ်လာသည့် ဆူညံသံမှာ ထိုလူနှစ်ဦး တံခါးဖွင့်ဝင်လာပြီး ဗီရိုနှင့်အံဆွဲများထဲမှ တစ်စုံတစ်ရာကို လှန်လှောရှာဖွေနေတာကြောင့်ဖြစ်သည်။ သူသိချင်စိတ်ပေါ်လာကာ မေးလိုက်သည်။
"ကျစ်ယန်... ဘာတွေရှာနေတာလဲ"
"အာ..."ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် လင်ကျန်းရီရော စုကျစ်ယန်ပါ ထိတ်လန့်သွားကြပြီး ပြိုင်တူလှည့်ကြည့်ရာ တူရွင်းတစ်ခုကိုကိုင်ထားပြီး အံ့အသင့်ဟန်ဖြင့် သူတို့ကိုကြည့်နေသော လော့ယန်ကို တွေ့လိုက်ကြရသည်။
သူတို့နှစ်ယောက်လုံး ကိုယ့်ရင်ဘတ်ကိုယ် တစ်ပြိုင်နက်တည်း ဖိလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် လော့ယန်ကြောင့် ထိတ်လန့်ကာရင်တုန်သွားကြတာကြောင့်ပင်။
အိမ်ထောင်စုစာရင်းစာအုပ်ကို ရှာဖွေရန် စိတ်လှုပ်ရှားနေကြသောကြောင့် သူတို့နှစ်ဦးစလုံး ယခုအချိန်တွင် ဒီအိမ်မှာလွတ်နေခြင်းမရှိဘဲ လော့ယန်နေထိုင်လျက်ရှိကြောင်း မေ့သွားကြပါသည်။
လော့ယန် ဒေါသတကြီးပြောသည်။
"ငါကမှ ကြောက်ရမဲ့လူပါနော်။ ရောက်နေမှတော့ ၀င်ခဲ့ကြလေ။ ဒါက မင်းအိမ်ပဲဥစ္စာ။ မင်းဆန္ဒအတိုင်း ဝင်ဝင်၊ ထွက်ထွက် ကိစ္စမရှိဘူး။ ဒါပေမယ့် မင်းဝင်လာတဲ့အချိန် နှုတ်မဆက်ရင်တောင် လာမယ်ဆိုတာ ငါ့ကိုကြိုတော့ပြောထားလေကွာ။ အစကသူခိုးဝင်တယ်မှတ်တာ။ ကံကောင်းလို့ အရင်ချောင်းကြည့်လိုက်မိတာ။ မဟုတ်လို့ကတော့ ရဲစခန်းကို oolong* သောက်ဖို့ အခေါ်ခံနေရတော့မှာ မဟုတ်ဘူးလား"
BINABASA MO ANG
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မှာကိုယ်ဝန်ရှိနေပြီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...